'
အမိမြေ

လောကကြီးကိုအတွေးအခေါ်များကသာစိုးမိုးထားသည်



အများအားဖြင့် စင်မြင့်ပေါ်သို့ တက်ပြီး အားကျယ်ကျယ် အော် ဟိုဆဲ သည်ဆဲ ဆိုလျှင် နိုင်ငံရေးဟု ထင်၏၊ ဤအရာမျိုးကား နိုင်ငံရေး မဟုတ် လူပြိန်းကြိုက် လူပေါစား အလုပ်မျိုးသာဖြစ်၏။

ဗိုလ်ချုပ်အောင်ဆန်း


အခွင့်အရေးကို လက်ရ သိမ်းပိုက်ထားသူတို့မှာ အချင်းများကာ တိုက်ခိုက်ခြင်း မပြုသေးသမျှ မိမိတို့၏ ပိုင်ဆိုင်မှုကို မစွန့်လွှတ်ကြချေ။

ကားလ်မာ့က္ခစ်



တိုင်းပြည်တပြည်၍ နောင်လာ နောင်သားများတို့၏ ကြီးပွား ထွန်းကားရေးမှာ မိခင်ကောင်းများထက် အခြားမည်သည့် အရာကမျှ အရေးတကြီး လိုအပ်သည် မဟုတ်။

နပိုလျံ


အလုပ်သည် လုပ်တတ်သော သူကိုစောင့်၏ ၊ လုပ်တတ်သော သူ လာလျှင် လုပ်တိုင်း ခံ၏ ၊ မလုပ်တတ်သောသူ လာလျှင် ထိုသူကို ပြန်၍ စမ်းတတ်၏။

မြို့မမောင်


အချိန်ကို ချွေတာလျှင် ငွေကို စု၍ အတိုးချသည်ထက် ပိုမို၍ ကြီးသော အမြတ်ကို ရနိုင်လေသည်။

ဂလက်စတုန်(ကမ္ဘာ့နီတိ)


ဆင်ရဲ့ ဒုက္ခရောက်ခြင်းသည် မှတ်ကျောက်နှင့် အလားသဏ္ဍန်တူ၏ ၊ ဆင်းရဲ ဒုက္ခ မရောက်ဘူးပဲလျှက် ထိုသူ၏ ရိုးဖြောင့်ခြင်း မရိုးဖြောင့်ခြင်းကို မသိနိုင်။

ဖီလဒင်


ခေတ်သည် လူတို့၏ စိတ်ကြောင့်သာ ပြုပြင်ပြောင်းလဲခဲ့၏ ၊ သင်သည် လူတို့၏ အလိုသို့လိုက်ရမှန်း မသိသည် ဖြစ်အံ့၊ လူတို့သည် သင့် အလိုသို့လိုက်ပါလာကြလိမ့်မည် မဟုတ်ပေ။

ဦးခ(ဇလွန်)


ဓမ္မ၀တ်စရိုက်သာရှိ၍ လောက၀တ်အလိုက်မရှိလျှင် မိမိ၌ ရောက်သမျှ မျက်မှောက်ကြောင်း ဂုဏ်ပေါင်း မကြွယ်သဖြင့် ရောင်စွယ်တုံးတတ်သည်၊ လောက၀တ် အလိုက်သာရှိ၍ ဓမ္မ၀တ်စရိုက် မရှိလျှင် မိမိအောက်ဘ၀ ထွက်မြောက်ကြောင်း ကုန်ကောင်းမသွယ်သဖြင့် နောင်ဝယ် ရှုံးတတ်သည်။

မင်းဘူးအရှင်သြဘာသ

လူမှန်လျှင် ဟိရိ သြတ္တပ္ပနှင့် အညီ ရှက်ခြင်း ကြောက်ခြင်း ရှိရမည်၊ သို့သော် နေရာတိုင်း ရှက်ကြောက်နေလျှင်လည်း ခက်တတ်ပြန်လေသည်။

သတင်းစုံ(ကမ္ဘာနီတိ) 


 ရိုးသားဖြောင့်မတ်သူသည် ချစ်သူခင်သူနှင့် မိတ်ဆွေကောင်းများလျှက် ကြီးပွားတတ်လေသည် ၊ မရိုးသားသူတို့မှာ ပညာတတ်လေလေ အကျိုးယုတ်လေလေသာ ဖြစ်ကြ၏။

ဟောတိန်း


သတင်းစာများသည် လူတို့အား ကောင်းကျိုး ဆိုးကျိုးကို အများဆုံး ဖန်တီး၍ ပေးသော စက်ယန္တရားကြီးများပင် ဖြစ်လေသည်။

ရှယ်ရီဒန်


ပညာတတ်သူတို့သည် ငါတတ်သည် ထင်မှတ်၍ ထောင်လွှားကြ၏ ၊ ပညာရှိသည်ကား ငါတတ်စရာတွေ များလှချည်လားဟု ဆင်ခြင်ကာ နှိမ်ချ၏ ။

ကူပါ


´´ဆရာမပြ နည်းမကျ``  ဟူသောစကားသည် ယခုခေတ်နှင့် ဆိုင်သော စကားမဟုတ်၊ စာပေ ကျမ်းဂန်နည်းပါးလှသော ရှေးခေတ်များနှင့်သာ ဆိုင်လေသည်၊ သာမန်မျှသောသူသည် မိမိဝါသနာပါသော ပညာ အလုပ်တခုခု၌ စိတ်ကို အမြဲထားနေက လွယ်ကူစွာ လမ်းပွင့်နိုင်လေသည်။

ပီမိုးနှင်း


မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော်လည်း မြော်လင့်သည်အတိုင်း ဤကမ္ဘာလောကကြီးက အထင်ကြီးခွင့်မပေးသဖြင့် စိတ်တိုင်းကျ အထင်ကြီးခွင့်ရသော အရူးဘ၀သို့  လူတို့သည် ကူးပြောင်းကြရကုန်၏။

စိတ်ပညာပါရဂူတဦး


ဤလောကကြီးတွင် စေတနာကောင်းနှင့်ချည်း အလုပ် လုပ်တိုင်း မရပေ ၊ဘုရားရှင်သည် ပင်လျှင် တရားရေအေး တိုက်ကျွေးရာ၌ စေတနာကောင်းကိုသာ မယုံစားပဲ ပေါင်းသင်းဆက်ဆံရေးကို အသုံးချဘူးသည်မှာ သာဓကဇာတ်ဝတ္ထုများ အထင်အရှား ရှိခဲ့ပါပေသည် ။

ဝန်ကြီးချုပ် ဦးနု


0 comments:

Post a Comment


Popular Posts