'
အမိမြေ

တာဝန်သိတတ်မှ တာဝန်ယူရဲမည်



ဖော်ပြပါ စာသားလေးမှာ ဆရာတော် တစ်ပါး၏ ဟောကြား ချက်မှ ဖြစ်ပါသည်။ နှစ်သက်လှ သဖြင့် ခေါင်းစဉ်ပြုကာ ရေးသားခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ဘိုး၊ ဘွားလက် ထက်မှ ကျွန်တော်တို့ လက်ထက် တိုင် မြန်မာ့လူ့အဖွဲ့အစည်းတွင် ရှေး ရိုးဆန် အယူအဆ တစ်ရပ်ကို တွေ့ ရပါသည်။ ယင်းအယူအဆမှာ မိသားစု တစ်စုတွင် အဖေနှင့်အမေ ကသာ အိမ်ထောင်၏ စားဝတ်နေ ရေးအတွက် တာဝန် ယူလျက်ရှိပါ သည်။ အဖေနှင့်အမေကသာ တာဝန် သိပြီး တာဝန်ယူသော အလေ့အထ ဖြစ်ပါသည်။ ငွေရှာရသူက အဖေ၊ ချက်ပြုတ် ကျွေးမွေးသူက အမေဖြစ်ပါသည်။ သားသမီးများက အေးအေးဆေးဆေး နေနိုင်ကြပါသည်။ (နေလည်းနေကြ ပါသည်) အိမ်၏ အခက်အခဲ မှန် သမျှကို မိဘနှစ်ပါးက တာဝန်ယူ ဖြေရှင်းပေးလေ့ရှိပါသည်။ သားသမီး များကို အလွန်ချစ်သောစိတ်ဖြင့် သား သမီးတွေ စိတ်အားမငယ်ရအောင် ထားတတ်ကြပါသည်။ ထို့ကြောင့် အိမ်၏ ဝင်ငွေ၊ ထွက်ငွေ မမျှတခြင်း၊ြေ<ွကးတင်နေခြင်း၊ ပေါင်နှံရခြင်းတို့ကို သားသမီးများ မသိစေဘဲ အဖေနှင့် အမေကသာ ကြိတ်၍ ဖြေရှင်းသွား တတ်ကြပါသည်။ စိတ်မသက်မသာ ဖြစ်စရာတို့ကို သားသမီးများ မသိ ရအောင် ဖုံးဖိထားလေ့ရှိကြပါသည်။ အမှန်မှာ အိမ်ထောင်စု တစ်စု တွင်းရှိ မိသားစု တာဝန်ကို ကိုယ်စီ သိဖို့၊ ကိုယ်စီ တာဝန်ယူဖို့ လိုအပ် မှာဖြစ်ပါသည်။ သားသမီးတွေကို တာဝန်သိအောင် ပျိုးထောင်ပေးမှသာ တာဝန် ယူလာကြမှာဖြစ် ပါသည် ။ တစ်ယောက်အားနှင့် ယူသော်မရ တစ်သောင်းအားနှင့် ယူသော်ရ၏ ဆို သော လမ်းညွှန်ချက်၊ လူတစ်ရာ ဝါး တစ်ရာ ဆိုသောလမ်းညွှန်ချက် ကို ခံယူကျင့် သုံးပါက တစ် ဦးတစ် ယောက်တည်းအပေါ် ဝန်ပိနေမည် မဟုတ်ပါ။ အိမ်၏ မလောက်မငှ ဖြစ်နေမှုကို သားသမီးများအား အသိ မပေးသဖြင့် အခြေအနေမှန်ကို မသိ သော သားသမီးများက စားချင်၊ ဝတ် ချင်၊ လိုချင်တာတို့ကို တောင်းခံ ပူဆာ ကြမည်မှာ ဓမ္မတာဖြစ်ပါသည်။ မလောက်ငှချိန်တွင် ယင်းသို့ ပူ ဆာသည့်အခါ မိဘနှစ်ပါးသာ စိတ် ဆင်းရဲနေရတတ် ပါသည် ။ ဤသို့  သော ဘိုးစဉ်ဘောင်ဆက် အမှား သည် သား သမီးကို ချစ်ရာမရောက် တော့ဘဲ နှစ်ရာရောက်သွားခဲ့ပါသည်။ ဖြစ်ပေါ်နေသော အခက်အခဲအတွက် မိမိတို့မှာလည်း တာဝန်ရှိပါလားဆို သော အသိစိတ်မျိုးဝင်မလာတော့ဘဲ လိုချင်လျှင် လက်ဖြန့်တောင်းသည့် အကျင့်၊ ကို ယ်အားကိုယ်ကိုးခြင်း ထက် မှီခိုချင်သော အကျင့်များသာ ရလာကြပါသည်။ အမှန်မှာ အရွယ်အလိုက် အသိ ရှိအောင် ပျိုးထောင်လေ့ကျင့်ပေးမှသာ တာဝန်သိကာ တာဝန်ယူလာကြမှာ ဖြစ်ပါသည်။ ရှေးယခင်က အဖေ တစ်ယောက်၏ လုပ်စာဖြင့် မပူမပင် နေနိုင်ခဲ့ကြသော်လည်း ပြောင်းလဲ လာသော အခြေအနေ အရပ်ရပ် ကြောင့် မိသားစု တက်ညီလက်ညီ ကြိုးပမ်းကြမှသာ တန်ကာကျမည့် အခြေအနေဖြစ်ပါသည်။ သတ္တလော က၏ ဖြစ်ပေါ်တိုးတက်မှုကို လေ့လာ ကြည့်လျှင် အချိန်အခါ အခြေအနေ နှင့် လိုက်လျောညီထွေ မနေထိုင်နိုင် မကျင့်သုံးနိုင်သော သတ္တဝါများမှာ မျိုးသုဉ်းပျောက်သွယ် သွားကြရ သည်ကိုတွေ့ရပါသည်။ လျင်မြန်စွာ ပြောင်းလဲနေသော ယနေ့ ကမ္ဘာကြီး နှင့် လိုက်လျောညီထွေ ကျင့်သုံးနေ ထိုင်မှု၊ မနေထိုင်နိုင်မှုသည် ဘဝ ရပ် တည်ရှင်သန်မှုအတွက် ပဓာနကျ လာပါသည်။ ယနေ့ ကမ္ဘာကြီးတွင် လူဦးရေ အဆမတန် များလာခြင်း၊ လူတို့၏ လောဘ၊ ဒေါသ၊ မောဟ အလွန် ကြီးလာခြင်း၊ ကြီးနိုင်ငယ်ညှဉ်း ဝါဒ ကို နိုင်ငံကြီးများက ကျင့်သုံးနေခြင်း တို့ကြောင့် ရှေးရိုးစွဲအတွေးအခေါ် ရှေးရိုးစွဲအနေအထိုင်ဖြင့် နေထိုင်ပါ က ဘဝရှင်သန် ရပ်တည်နိုင်ရန် ခက်ခဲမည်ဖြစ်ပါသည်။ ခေတ်မီ တိုး တက်နေသည့် နိုင်ငံများတွင် မိသား စုအလိုက် တက်ညီလက်ညီ ကြိုး စားနေကြချိန်တွင် ကျွန်တော်တို့နိုင်ငံ ၏မိသားစု အတော်များများသည် အိပ် မောကျကာ အိပ်မက်မက် ကောင်း တုန်းပင်ရှိနေကြပါသည်။ မွေးဖွားပြီး ငယ်စဉ်မှ ကြီးထွားလာသော အရွယ် အဆင့်ဆင့်အထိ အသိပေးပျိုးထောင် မှုအလွန်နည်းသဖြင့် လူကြီးလာသော် လည်း အချိန်မစီးဘဲ ဖြစ်လာကြပါ သည်။ ထိုသို့ လေ့ကျင့်ပျိုးထောင်မှု အားနည်းနေချိန်တွင် တာဝန်မရှိ နေ ထိုင်ခွင့်ရနေခြင်းကြောင့် တာဝန်မဲ့ ပြော၊ တာဝန်မဲ့လုပ်လာတတ်ကြပါ သည်။ အမှန်မှာကိုယ့်အားကိုယ်ကိုး၊ ကို ယ် ထူကို ယ် ထစိ တ် ဓာတ် ၊ အကောင်းမြင် အပြုသဘောစိတ်ဓာတ် ရှိမှသာ တာဝန်သိစိတ်ဆိုသော အသီး အပွင့်သည် သီးပွင့်လာနိုင်ပါသည်။ အဆိုးမြင်၊ အပျက်မြင်စိတ်၊ အားငယ် စိတ်၊ သူတစ်ပါးအား မှီခိုချင်သော စိတ်တို့ဖြင့်  ဘဝတိုးတက် အောင် တည်ဆောက်နိုင်မှုမပြုနိုင်ပါ။ ထိုသို့ ကိုယ်ခံအားနည်းကာ စိတ်ဓာတ်ခွန် အားမရှိလျှင် တာဝန်သိစိတ်နှင့် တာ ဝန်ယူစိတ်သည် ဖြစ်ပေါ်မလာနိုင်ပါ။ အနှစ်ချုပ်ရပါကား ယနေ့ လူ ငယ် နောင်ဝယ်လူကြီး ဆိုသည့် အတိုင်း လူငယ်များကို အပြုသဘော စိတ်နှင့် တာဝန်သိစိတ်ရှိလာအောင် ပျိုးထောင်ပေးကြရန် ဖြစ်ပါသည်။
စိုးဝင်း(ချောက်) 

0 comments:

Post a Comment


Popular Posts