'
အမိမြေ

အခွန်ဥပဒေများဖျက်သိမ်း(သို့)ပြင်ဆင်ရန်ဥပဒေကြမ်းများတင်သွင်း



ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် ပုံမှန်အစည်းအဝေး၏ ပထမနေ့တွင် တည်ဆဲ အခွန်ဥပဒေများအနက် အချို့ကိုပြင်ဆင်ပြီး အချို့ကို ဖျက်သိမ်းသည့် ဥပဒေကြမ်းများကို ပြည်ထောင်စုအစိုးရကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးလှထွန်းက တင်သွင်းခဲ့သည်။
တင်သွင်းသည့် ဥပဒေကြမ်းများမှာ အမြတ်ခွန်ဥပဒေအား ရုပ်သိမ်းသည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်း အက်ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း၊ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်း၊ ၀င်ငွေခွန် ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ရုံးခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်းများဖြစ်သည်။
ယခင်ကတည်းက တည်ဆဲဖြစ်သော အမြတ်ခွန်ဥပဒေသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဥပဒေပြုစာရင်းတွင် မပါရှိကြောင်း၊ အဆိုပါဥပဒေကြမ်းကို အတည် ပြုပြီးပါက တိုက်ရိုက်ခွန်ကို ဥပဒေနှစ်မျိုး ဖြင့် ကောက်ခံနေရာမှ ဥပဒေတစ်မျိုး တည်းဖြင့်သာ စည်းကြပ်ကောက်ခံမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက လွှတ်တော်သို့တင်ပြသည်။
ဥပဒေကြမ်းကို အတည်ပြုပြီးပါကလည်း လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် စည်းကြပ်ဆဲအခွန်များကို ဆက်လက် စည်းကြပ်မည် ဖြစ်ကြောင်း ဦးလှထွန်း က ဆိုသည်။
  

0 comments:

Post a Comment


Popular Posts