'
အမိမြေ

မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက် နေသော ကမ္ဘာကျော် INGO တစ်ခုမှ ဝန်ထမ်း တစ်ဦး ကလေးငယ် များကို လူမှောင်ခို ကူးခဲ့ကြောင်း သတင်း ထွက်ပေါ်လာ


မြန်မာနိုင်ငံ၌လုပ်ငန်းများဆောင်ရွက်နေသည့် ကမ္ဘာကျော်INGO တစ်ခုဖြစ်သော Save the Children မှဝန်ထမ်းတစ်ဦးသည် ကလေး ငယ်များကို လူမှောင်ခို ကူးခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
Save the Children ၀န်ထမ်းတစ်ဦးသည် ရှမ်းပြည်နယ်၊ နမ့်ခမ်း တွင်နေထိုင်သည့် လူငယ် ယောက်ျားလေး များကို လူမှောင်ခို ကူးခဲ့ခြင်းဖြစ် ကြောင်း၊ နမ့်ခမ်းမြို့မှ အနည်းဆုံး ကလေးငယ် ၁၀ ဦး ခန့်နှင့် နမ့်ခမ်းမြို့ အနီး ပတ်ဝန်းကျင်မှ ကလေးငယ် ခြောက်ဦး လူမှောင်ခို ကူးခြင်းခံခဲ့ရ ကြောင်း၊ ထိုစဉ်က Save the Children ၏မြန်မာ နိုင်ငံဆိုင်ရာ Country Director မှာ အန်ဒရူး ကစ်ဝုဒ်ဖြစ်ကြောင်း၊ ဘဏ္ဍာရေး အကျိုးအ မြတ်အတွက် လူမှောင်ခို ကူးခြင်းမဟုတ်ဘဲ နိုင်ငံရေး ဆိုင်ရာစေ့ဆော် လှုပ်ရှားမှု များအတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ၂၆ ရက်စွဲဖြင့်ထုတ်ပြန် သည့်  Wikileak cableတစ်ခုတွင် ဖော်ပြခဲ့သည်။
“ကျွန်တော်တို့ လုပ်ငန်း ဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်အတွင်း လူ ငယ် ကိုးဦးကို လူကုန်ကူး ခဲ့ခြင်း ဖြစ်တယ်လို့ နားလည် ထားပါတယ်။ သူ တို့ထဲ ကနှစ်ဦးဟာ အသက် ၁၈ နှစ်အောက် ကလေး တွေဖြစ်တယ် လို့ ယုံကြည် ပါတယ်။ တာဝန်ရှိ သူကို ဥပဒေ ကြောင်းအရ အရေးယူ ဆောင် ရွက်ပြီး ကြောင်း ကျွန်တော်တို့ သိထား ပါတယ်” ဟု Save the Children ၏ လန်ဒန်ရုံးမှ ပြောရေးဆိုခွင့်ရှိသူ Steve Sidebottom ကပြော ကြားသည်။
“ဒီကိစ္စက ၂၀၀၉ ခုနှစ်မှာဖြစ်ပွားခဲ့တာပါ။ ပြစ်မှုကျူးလွန်သူ ကို လည်း သက်ဆိုင်ရာ က အရေးယူ ဆောင်ရွက်ပြီးပါပြီ။ ဒါပေမယ့် ပြည်ပ မီဒီယာ တွေက စက်တင်ဘာ ၇ ရက်ကျမှ ဖော်ပြခဲ့တာပါ။ ယခင် Country Director လက်ထက်မှာ ဖြစ်ပွားခဲ့ တာဖြစ်ပါတယ်။ အစ်မတို့ အနေနဲ့ ဒီလိုကြီးမား တဲ့ issue မျိုးကို အသေးစိတ် မှတ်ချက် ပေးခွင့်မရှိပါဘူး”ဟု Save the Children မှတာဝန်ရှိသူ တစ်ဦးက မြန်မာပို့စ် သို့ပြောကြား သည်။
အဆိုပါဖြစ်ရပ် တွင် အနည်းဆုံးလူငယ် ၁၆ ဦးခန့် လူကုန်ကူးခြင်း ခံ ခဲ့ရပြီး ဓားစာခံများ အနက် အချို့မှာ တရုတ်နိုင်ငံ သို့ထွက်ပြေး လွတ်မြောက် သွားကာ အချို့မှာ မွေးရပ် မြေသို့ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ အများစုမှာ အသက် ၁၈ နှစ်အောက် လူငယ်များဖြစ်ကြောင်း၊ Save the Children အနေဖြင့် အဆိုပါ ဖြစ်ရပ်တွင် ပါဝင်ခဲ့သည့် လူငယ်များ၏ မိသား စုအားလုံးကို ကူညီပံ့ပိုးမှုများ ပေးအပ်ခဲ့ကြောင်း စက်တင်ဘာ ၈ ရက်ထုတ် BBC သတင်းတွင်ဖော်ပြခဲ့သည်။

ဖြိုးမောင်မောင် (Ref: BBC)



0 comments:

Post a Comment


Popular Posts