'
အမိမြေ

ရန်ကုန်တိုင်းဒေသကြီးမှအခြေခံလူတန်းစားများအတွက်ချေးငွေ ကျပ်သန်း ၈,၂၀၀ ကျော်ထုတ်ပေးပြီ



ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းအတွက် ဗဟိုသမဝါယမအသင်း လီမိတက်က ရန်ကုန်မြို့ရှိ အခြေခံလူတန်းစားများကို ကျပ်သန်းပေါင်း ၈,၂၀၀ ကျော်ချေးပြီးဖြစ်ကြောင်း ဗဟိုသမဝါယမအသင်း လီမိတက်မှ အထွေထွေမန်နေဂျာ ဦးမင်းလွင်က ပြောသည်။ “ဦးတို့ အသင်းအနေနဲ့ အာရုံစိုက်နေတာ ဘာကြောင့် ဆင်းရဲတာလဲ။ အရင်းအနှီးမရှိလို့ ဆင်းရဲတာလား။ အရင်းအနှီးပေးလိုက်ရင် သူတို့ဘာသာ သူတို့ လူနေမှုဘဝအတွက် ဘာအလုပ်ပြန်လုပ်နိုင်မလဲ ဆိုတာပဲ။ ဒါကြောင့် မြို့ပြ ရန်ကုန်မှာ ဆင်းရဲတဲ့ အရင်းအနှီးမဲ့ လူတန်းစားနဲ့ မြို့စွန်မြို့ဖျားက လူတွေကို ချေးပေးနေပါတယ်” ဟု ဦးမင်းလွင်က ပြောကြားသည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် ဆင်းရဲသူအမျိုးအစား အမျိုးမျိုးရှိသည်ဟု ဆိုသည်။ ထိုအထဲမှ ကုစားနိုင်သော ဆင်းရဲသားလူတန်းစားအား ကုစားနေခြင်းဖြစ်ကြောင်း နှင့် ဆင်းရဲမှုတွင် အလွန့်အလွန်ဆင်းရဲသူ၊ အလယ် အလတ်ဆင်းရဲသူ၊ ရိုးရိုးဆင်းရဲသူ ဟူ၍ ရန်ကုန်မြို့တွင် တွေ့ရှိရကြောင်း သိရသည်။ ရန်ကုန် တိုင်းဒေသကြီးတွင် ကျပ်သန်းပေါင်း ၈,၂၇၂ ထုတ်ချေးထားပြီး တစ်ဦးလျှင် ၃၀,၀၀၀ ချေးငွေထုတ်ချေး၍ နေ့စဉ် ၆၀၀ ကျပ် ပြန်လည်ပေးသွင်းရသည်။ ရက်ပေါင်း ၆၀ အတွင်း အကြေပေးဆပ်ရခြင်းဖြစ်ပြီး ယင်းသို့ ပေးဆပ်ငွေ၌ ဆင်းရဲသူသည် ရက် ၆၀ တွင် ထပ်မံစုဆောင်ငွေ ၄,၂၀၀ ကျပ် ရရှိသည်။ ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟိုသမဝါယမ အသင်းလီမိတက်အောက်တွင် ချေးငွေအဖွဲ့ ၁၈ ဖွဲ့၊ အသင်း အဖြစ် ပြင်ဆင်ဖွဲ့စည်းပေးထားသော အဖွဲ့ ၁၈ ဖွဲ့ ရှိကြောင်း ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 



0 comments:

Post a Comment


Popular Posts