'
အမိမြေ

သတင်းမှားများနဲ့ လှည့်စားနေသူများ


မြန်မာနိုင်ငံမှာ အနည်းငယ်သာ ကျန်တော့တဲ့ လက်နက်ကိုင် အဖွဲ့တွေထဲက ကေအိုင်အေနဲ့ တပ်မတော်တို့ တိုက်ခိုက်မှုဖြစ်ပွားတာတွေ ဒီတိုက်ခိုက်မှုတွေကြောင့် ထိခိုက် ကျဆုံးမှုတွေကို ယနေ့ အင်တာနက် စာမျက်နှာ နဲ့ ပြည်ပက မြန်မာနိုင်ငံအကြောင်း အမြဲ မကောင်းပြောနေတဲ့ လုပ်စား သတင်းဌာနတွေက ပုံကြီးချဲ့ လန်ကြုတ် သတင်း တွေနဲ့ ၀ါဒဖြန့်နေတာကို တွေ့မြင် ကြားသိနေရပါတယ်။ ဒီလို ၀ါဒဖြန့် သတင်းတွေကို အဲဒီ သတင်းဖြန့်ဖြူးရာ နေရာတွေက အကြီးချဲ့ မှန်ဘီလူးတပ်သလို ကေအိုင်အေလို သတင်းပေးနေရာတွေကလည်း အကြီးချဲ့ မှန်ဘီလူး တပ်နေတာကို တင်ပြလိုပါတယ်။
အဲဒီလို သတင်းတွေကို ကချင်သတင်းဌာန ၀က်ဘ်ဆိုဒ်များဖြစ်တဲ့ Kachin News Group (http://burmese.kachinnews.com) နဲ့ Kachinland News (http://kachinlandnews-burmese.com) တို့မှာ တပ်မတော်နဲ့ တိုက်ပွဲ သတင်းတွေကို အမြဲလိုလို ဖော်ပြနေတာ တွေ့နေရပါတယ်။ ဒီလိုဖော်ပြကြရာမှာ ထိခိုက်ကျဆုံးမှုတွေကို အလွန်အမင်း မှားယွင်းဖော်ပြနေမှုတွေကြောင့် ဒီဝက်ဘ်ဆိုဒ်တွေကို ၀င်ရောက်ဖတ်ရှုသူတွေ အနေနဲ့ သံသယတွေ ၀င်လာပြီး အယုံအကြည်ကင်းမဲ့မှုတွေ ဖြစ်ပေါ်လာတယ်ဆိုတဲ့ အသံဗလံတွေ ထွက်လာ ပါတယ်။
ဒီလို မမှန်မကန် သတင်းတွေကြောင့် ဒီဖြစ်ရပ်တွေကို စောင့်ကြည့်သူတွေနဲ့ စိတ်ဝင်စားသူတွေက တာမိုးညဲနဲ့ ကွတ်ခိုင်ဘက်မှာ လိုက်လံစုံစမ်းတော့ တိုက်ပွဲ ဖြစ်နေတဲ့ သတင်းတွေက မှန်ကန်ပြီး ထိခိုက်သေဆုံးမှုများမှာ အလွန်အမင်း မှားယွင်းဖော်ပြနေတာဖြစ်ကြောင်း တွေ့ရှိကြရတယ်လို့ ဆိုပါတယ်။ KNG သတင်းဌာနမှ စက်တင်ဘာလ ၂၆ ရက်နေ့မှ ဖော်ပြတဲ့ လွယ်ကန်ဌာနချုပ်ကို တပ်မတော်မှ တပ်မ (၉၉)နဲ့ တပ်မ(ဂဂ) တို့ဝင်တိုက်တာ တပ်မတော်ဖက်က လူဒါဇင်ချီပြီးသေတယ်။ ဒဏ်ရာရတာ လူ ၁၀၀ ကျော်ရှိတယ်လို့ ဖော်ပြထား ပါတယ်။ နောက် စက်တင်ဘာ ၂၇ မှာလည်း Kachinland News မှာ ဖော်ပြထားတာကတော့ တပ်မ (၉၉) က တပ်ဆုတ်သွားတာ အလောင်း (၆၀) လောက် ကျန်ခဲ့တယ်။ ဒါပေမယ့် တာမိုးညဲဘက်က လူတွေ ပြောတာကတော့ ကွတ်ခိုင်တို့ မူဆယ်တို့က ဆေးရုံတွေမှာ စစ်သား တစ်ယောက်မှ မရှိပါဘူးလို့ပြောပါတယ်။ ဒါတွေဟာ ကေအိုင်အေ အနေနဲ့ သူတို့ရဲ့ နောက်လိုက်တွေကို စိတ်ဓာတ်မြှင့်တင်တဲ့ နည်းလမ်း ဖြစ်နိုင်သလို နိုင်ငံတကာ အနေနဲ့လည်း မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ကြီးကြီး မားမား ဖြစ်နေတယ်လို့ အမြင်ရောက်အောင် တစ်နည်းအားဖြင့် နိုင်ငံတကာက အာရုံစိုက်လာအောင် လုပ်ဆောင်နေတာ ဖြစ်နိုင်ပါတယ်။
တပ်မတော်ဟာ လူအားနဲ့ မတိုက်ဘဲ လက်နက်ကြီးတွေနဲ့ အဝေးက ပစ်ခတ် တိုက်ခိုက်တာဖြစ်တာကြောင့် KIA တပ်များကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် စခန်းကနေထွက်ခွာပြီး တောထဲခိုအောင်းထားရခြင်း ဖြစ်တယ်လို့ တပ်မဟာ ၄ တာဝန်ခံ ဗိုလ်မှုးကြီး ဇောရောက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ သူတို့အနေနဲ့ လွတ်မြောက် နယ်မြေဖြစ်တဲ့ “” နယ်မြေထဲကို တိမ်းရှောင်မှုတွေ လုပ်မယ်လို့ သိရပါတယ်။ အဲဒီလို ကချင် သတင်းဌာနတွေဟာ သတင်းဌာနတွေ လိုက်နာရမယ့် စည်းကမ်းတွေကို မလိုက်နာဘဲ အလွန်အမင်း ပုံကြီးချဲ့ ရေးသား ၀ါဒဖြန့်မှုတွေကြောင့် ယင်းသတင်းဌာနနဲ့ ၀က်ဘ်ဆိုက်တွေကို ယုံကြည်မှု လျော့ပါးလာကြောင်း ဒေသခံများ ကြားမှာ ပြောဆိုမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။ အဲဒီလို ကေအိုင်အေ အနေနဲ့ ၀ါဒဖြန့်မှုတွေနဲ့ အမြတ်ထုတ်ရေး ကျိုးစားနေပေမယ့် တပ်မတော်ဘက် ကတော့ ယခုအချိန်အထိ ထိခိုက် ကျဆုံးတာ ၁၅ယောက်တောင် မပြည့်သေးကြောင်း အဲဒီဒေသခံတွေရဲ့ လေ့လာပြောဆိုမှုများ အရ သိရပါတယ်။
ဒါကြောင့် ကေအိုင်အေရဲ့ ဒေသခံပြည်သူတွေ ကြောက်ရွံ့စိုးရိမ်မှုတွေနဲ့ နေထိုင်နေရတာကို ထည့်မတွက်ဘဲ သူတို့ရဲ့ စိတ်ခံစားချက်တွေကိုသာ အလေးထားနေကြတာဟာ ဒေသခံတွေရဲ့ စားဝတ်နေရေးနဲ့ လုံခြုံရေး အတွက် ထည့်သွင်း စဉ်းစားသင့်တဲ့ သတင်းမှားများ အပေါ် ထောက်ပြနေမှုက သက်သေပြလို့ နေပါကြောင်း တင်ပြလိုက်ရပါတယ်။  

ကချင်သားတစ်ဦး

0 comments:

Post a Comment


Popular Posts