'
အမိမြေ

ငွေလဲလှယ်နှုန်းသတ်မှတ်ဆောင်ရွက်ရာတွင် နိုင်ငံနှင့် ပြည်သူ့အကျိုး စီးပွားကိုလည်းကောင်း၊ နေ့စဉ်လူမှု စီးပွားဘ၀များကို လည်းကောင်း ထိခိုက်မှုမရှိစေရန် ဦးစားပေး ဆောင်ရွက်သွားမည်ဟု ဆို



အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) နှင့် ပူးပေါင်း၍  Unification of Exchange Rate ထူထောင်ရာတွင်နိုင်ငံနှင့် ပြည်သူ့အကျိုး စီးပွားကို လည်းကောင်း၊ နေ့စဉ် လူမှုစီးပွားဘ၀များကို လည်းကောင်း ဦးစားပေးလျက် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပထမအကြိမ် အမျိုးသားလွှတ်တော် ဒုတိယ ပုံမှန်အစည်းအဝေး အဌမနေ့တွင် ဆွေးနွေးမှုများအရ သိရှိရသည်။
ယင်းကဲ့သို့  Exchange Rate  Unification လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ပြီးပါကFEC ရုပ်သိမ်းရေးကိစ္စသည်အလိုအလျောက် ပါသွားမည်ဖြစ်ကြောင်း အက်အီးစီ ရုပ်သိမ်းသည့်အခါတွင်လည်း FEC အစား FEC နှင့် ညီမျှသော နိုင်ငံ ခြားငွေ အမေရိကန်ဒေါ်လာကိုဖြစ်စေ သို့မဟုတ် ယင်းအချိန်တွင်ဖြစ်ပေါ် နေသော ဈေးကွက်ပေါက်ဈေးနှင့် ညီမျှသည့် ငွေကျပ်ကိုဖြစ်စေ လဲလှယ်ပေးမည်ဖြစ်ပြီး FEC လက်ဝယ်ကိုင်ဆောင်သူများ နစ်နာမှုမရှိ စေရန်အတွက် စနစ်တကျ စီစဉ်ဆောင် ရွက်ပေးမည် ဖြစ်ကြောင်းလည်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဝင်းသန်းက ပြောကြားခဲ့သည်။
အလားတူပင် တည်ဆဲနိုင်ငံခြားငွေ လဲလှယ်မှုစည်းမျဉ်းဥပဒေ၊ ၁၉၄၇ ခုသည် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာနက စီမံခန့်ခွဲလေ့ရှိသည့် ဥပဒေများတွင်ပါဝင်ပြီး ခေတ်ကာလနှင့် မကိုက်ညီသည့် ပြဋ္ဌာန်းချက်များအား ခေတ်ကာလနှင့် ကိုက်ညီစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေရန်အတွက် ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန အနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် ညှိနှိုင်းပြင်ဆင်ဆောင်ရွက်လျက် ရှိနေပြီဟု သတင်း ရရှိပါသည်။

Ref : http://www.first-11.com/


0 comments:

Post a Comment


Popular Posts