'
အမိမြေ

နိုင်ငံတော်အရေးကိုရှုပ်ထွေးစေမည့်ဆန္ဒပြမှုများအား ပြည်သူတို့ ကိုယ်တိုင် မလိုလား


လက်ရှိအစိုးရအနေနဲ့ ကတော့ 88 တုန်းကလို နိုင်ငံကသောင်းကနင်း ဖြစ်ပြီး သုညကနေ ပြန်စခဲ့ရတဲ့ ဘ၀မျိုးကို ပြန်အရောက်ခံမှာ မဟုတ်ပါဘူး .. ငြိမ်းချမ်းစွာနဲ့ အမျိုးသားရင်းကြား စေ့ရေးလုပ်နေတဲ့ အချိန်မှာ အခုလိုမျိုး ပြုလုပ်တယ်ဆိုတာ အကြံအစည် တစ်ခုတော့ရှိမှာ အမှန်ပါပဲ..ပြည်သူ ကိုယ်တိုင်က လက်မခံတာကို ဘယ်သူတွေက ပြည်သူကို အတိုက်အခံလုပ်ပြီး လုပ်နေတယ် ဆိုတာကိုတော့ .. ? တိုင်းပြည်ကောင်းဖို့လား ၊ သူတို့ကိုယ်ကျိုး အတွက် အတ္တဆန်နေကြတယ် ဆိုတာကိုတော့ တိုင်းပြည် အခြေအနေ အရပ်ရပ်အပေါ် သုံးသပ်ပြီး  စဉ်းစားစဉ်ခြင်သင့်ပါတယ်.. ကောင်းတာလုပ်နေတာ တွေ့ရင်တော့ ကောင်းတာမြင်တက်ဖို့ လိုပါတယ်.. မြန်မာလူမျိုးများ နိုင်ငံကြီးသား ပီသစေချင်ပါတယ်.. ဒီမိုကနေစီနဲ့ ထိုက်တန်သော မြန်မာလူမျိုး များဖြစ်စေချင်ပါတယ်.. 


၈၈ အရေးအခင်း ကြောင့်တိုင်းပြည် ပျက်ခဲ့ရတဲ့ အဖြစ်အပျက် တွေကို ဒီအောက်ကလင့်မှာ သွားကြည့် နိုင်ပါတယ်  


ပြည်သူ့အသံ

လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှုတစ်ခု ယနေ့ (၂၆-၉-၂၀၁၁) မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ န၀ဒေး ရုပ်ရှင်ရုံ အနီး ကမ္ဘာအေးဘုရားလမ်း ပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပွားပြီး လက်မခံကြောင်း သတင်းစာဆရာကြီးများနှင့် လူအများစုက ပြောကြားခဲ့ကြပါသည်။ “မြစ်ဆုံရေကာတာ ကိစ္စ တစ်နိုင်ငံလုံး စိတ်မကောင်းဖြစ်နေတာ ကို နားလည်ပါတယ်။ အစိုးရအနေနဲ့ ပြန်လည်ညှိနှိုင်းပေးဖို့ ပြောဆိုထားကြပြီး ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ဆန္ဒစောတာ မဖြစ်သင့်ဘူး။ တစ်ဆင့် ပြီးတစ်ဆင့် လူယဉ်ကျေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ အချိန်ပေးသင့်တယ်။ ဒီလိုဟာကို အကြောင်းပြုပြီး အမျိုးသားရင်ကြားစေ့ရေးကို မလိုလားတဲ့သူတွေ က ဖျက်လိုဖျက်စီးလုပ်မယ့် အန္တရာယ်က ကြီးမားတယ်။ ပြည်သူတစ်ရပ်လုံးအနေနဲ့ စိတ်ရှည်ဖို့လိုပါတယ်”ဟု ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်း က ပြောကြားခဲ့ပါသည်။
“မကြာမီမှာ လွတ်ငြိမ်းချမ်းသာခွင့် (Amnesty)ရှိတယ်။ တိုင်းပြည်တည်ငြိမ်မှုနဲ့ အတူ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ရှိတယ်။ မြစ်ဆုံပြဿနာဖြေရှင်းဖို့ရှိတယ်။ မြစ်ဆုံပြဿနာက လည်း ပြေပြေလည်လည် ဖြစ်သွားမှာပါ။ လက်ရှိမြန်မာနိုင်ငံရေး ရေချိန်က Arab style uprising  ဖြစ်စရာမရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီလိုပြောထားတယ်။ ဒီလိုဆန္ဒပြမှုတွေကို ဘယ်သူမှ မလုပ်စေချင်ဘူး။ တိုင်းပြည်မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေး အကျဉ်းသားတွေ အရေးနှောင့်နှေးသွားမယ်။ ဒါကို ဘယ်သူတွေက လုပ်ချင်နေကြတာလဲ။ သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ် အခုချိန်မှာ ဘာဆန္ဒပြမှုကိုမှ ကျွန်တော် မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ နောက်ကွယ်က အကြောင်းကို ဖော်ထုတ်ရမယ်။ ဘယ်သူတွေက လုပ်နေကြတာလဲ။ ဒါကို အကြောင်းပြပြီး နိုင်ငံတိုးတက်ရေး၊ အမျိုးသားပြည်လည် ရင်ကြားစေ့ရေးကို နစ်နာအောင် လုပ်မယ် ဆိုရင်တော့ လွဲသွားလိမ့်မယ်”ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
"ဒဂုံမြို့သစ်ဘက်ကနေ ဘီအမ်ကားတွေငှားပြီး လာကြတာလို့ သိရတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တားလို့ ဒီနားမှာတင်စုပြီး အခုလို သူတို့ဆန္ဒထုတ်ဖော်တာလို့ သိရတယ်။ အခုတော့ တာဝန်ရှိသူတွေက လူစုခွဲဖို့ ပြောနေတာေ တွ့ရတယ်။ ပြောသံကြားတာကတော့ ၂၀၀၇ စက်တင်ဘာဖြစ်စဉ် နှစ်ပတ်လည်ဆုတောင်းကြဖို့ ထွက်လာကြတာလို့ သိရတယ်။ ဘာပဲဖြစ်ဖြစ် အခုလိုအခြေအနေမျိုးမှာ မလိုလားအပ်တဲ့ ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး။ မဖြစ်လည်း မဖြစ်သင့်ပါဘူး"ဟု အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူ တစ်ဦးက ပြောပြပါသည်။

ဦးဝင်းကြိုင် (အထွေထွေအတွင်း ရေးမှူး၊ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်)
“မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းစဉ်မှာ နံပါတ်တစ်ပုဂ္ဂိုလ်လို့ ပြောလို့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့တောင် မြန်မာဟာ အာရပ်ကမ္ဘာလို မဖြစ်သင့်ဘူး၊ အဲဒီလိုလမ်းစဉ်မျိုး မလုပ်သင့်ဘူးဆိုတဲ့ အဓိပ္ပာယ်မျိုး အခု ပြောကြားထားပြီးသားပါ။ အခုလို လမ်းစဉ်မျိုးကို မဖော်ဆောင်ဖို့ အဓိပ္ပာယ်လည်း သက်ရောက်သလို မဖော်ဆောင်သင့်ဘူးလို့ မြင်တယ်။ အခုလည်း ကိုယ်လိုချင်တာကို လွှတ်တော်အထိ တင်ပြခွင့်ရလာတယ်။ ကိုယ့်အခက်အခဲ ကိုယ်တင်ပြခွင့်၊ ကိုယ်ပြန်တောင်းဆိုခွင့်အထိ ရနေတယ်။ ဆိုလိုတာက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တောင်းဆိုခွင့်၊ မတရားတာကိုလည်း ထုတ်ဖော်ပြောဆိုခွင့်ရနေတဲ့ အနေအထားပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ဖို့ တာစူနေတဲ့ အချိန်၊ အရှိန်စရနေတဲ့ ကာလမျိုးမှာ ဒီလို လမ်းကြောင်းမျိုးကို ဖော်ဆောင်ဖို့ မသင့်ပါဘူး။ အခုလို လူထုအုံကြွမှုကို ဦးတည်တဲ့လမ်းကြောင်းမျိုးကို ဖော်ဆောင်လို့ သက်ဆိုင်ရာ စစ်တပ်က တစ်ခါအာဏာပြန်သိမ်းပြီး နှစ်ပေါင်းများစွာ ပြန်စောင့်ရတာမျိုး၊ လက်ရှိ တင်ပြခွင့်ရနေတဲ့ အနေအထားတွေကနေ ပိတ်သွားတာ မျိုးဖြစ်ခဲ့ရင်တော့ အခုလို ဖြစ်အောင် လုပ်တဲ့သူတွေက သမိုင်းရဲ့တရားခံ ဖြစ်သွားမှာပဲ။ အခုလို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီလမ်းကြောင်းဘက် ဦးတည်နေတဲ့အချိန် ဒါမျိုး ကြားရတာ ရည်ရွယ်ချက်တစ်မျိုးနဲ့များ လုပ်သလားလို့တောင် ထင်မိတယ်။ အခု အချိန်မှာ ကျွန်တော် မြင်တာကတော့ ကိုယ်လိုချင်တာကို အေးအေးချမ်းချမ်း တောင်းယူလို့ ရနေတဲ့ အနေအထား ရောက်စပြုနေပါပြီလို့ ပြောချင်ပါတယ်။ တစ်ချိန်က ကြမ်းကြမ်းတမ်းတမ်း အုပ်ချုပ်ခံခဲ့ရတဲ့ ဘ၀တွေကို မစာနာလို့ ပြောတာမဟုတ်ပါဘူး။ အဲဒီလို ကြမ်းတမ်းတဲ့ လမ်းစဉ်တွေ ရေရှည်ထပ်ပြီး ဖြစ်ပေါ်လာမှာကို မကြုံတွေ့စေချင်တော့လို့ ပြောရတာပါ။ အခုခေတ်မှာ ထိပ်တိုက်ရင်ဆိုင်တဲ့ နိုင်ငံရေးနည်းလမ်း ဟာ အောင်မြင်မှုရရှိတာ နည်းပါတယ်။ နည်းလမ်းကျတဲ့ ထိရောက်တဲ့ နိုင်ငံရေးလမ်းစဉ်မျိုးကိုပဲ လုပ်ကိုင်သင့်ပါတော့တယ်။ ဥပမာ ဧရာဝတီမြစ်ဆုံ ကိစ္စအတွက် ပညာရှင်တွေဟာ နည်းလမ်းတကျ ဟောပြောဆွေးနွေးပွဲနဲ့ပဲ ဆန့်ကျင်ကြပါတယ်။ ဒီလိုအေးချမ်းစွာနဲ့ တိုက်တွန်းရယူတဲ့ အဆင့်မြင့်တဲ့နိုင်ငံရေး နည်းလမ်းမျိုးကိုပဲ အသုံးပြုသင့်တယ်လို့ ထင်ပါတယ်။”

ဦးစိုးညွန့် (ဥက္ကဌ၊ မြန်မာငှက်နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်း)
“အခုက လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ပြသခွင့် ရလာကြပြီ။ ဒါပေမယ့် တိုင်းပြည်ဆူဆူပူပူ ဖြစ်လာပြီးတော့ သွားနေတဲ့ ရည်ရွယ်ချက် လမ်းစဉ်ကို အနှောက်အယှက် မဖြစ်စေချင်ဘူး။ အခုချိန်က အမျိုးသား ပြန်လည်သင့်မြတ်ရေးကို သွားနေတဲ့ ကာလပါ။ ဒီလို ဖြစ်ရပ်ကြောင့် သွားနေတဲ့ ရည်ရွယ်ချက် မပျက်စေချင်ဘူး။”


Yangon City 
 
ကောင်းသောအပြောင်းအလဲတွေလုပ်ပေးနေတဲ့ နိုင်ငံတော် အကြီးအကဲ၏ မျက်နှာကို ထောက်ထားပြီး မလုပ်ကြပါနဲ့၊ အကြမ်းမဖက်ကြပါနဲ့


 
gwayPaw 

ဒီလိုအချိန်မှာတောင် ထောက်ခံသူနဲ့ မထောက်ခံသူတွေက ကွဲနေကြတုန်းဘဲနော်။ ကျွန်တော်ကတော့ ဆန္ဒပြတာကို အပြည့်အ၀ထောက်ခံတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာပါ။ ရိုင်းစိုင်းနေတာမဟုတ်ပါဘူး။ သူတို့ လုပ်တာ မှန်ကန်ပါတယ်။

ဒါပေမယ့် အဲဒီလူအုပ်ထဲ မသိမသာဝင်ရောဖို့ကလဲ လွယ်လွယ်လေးရယ်။ အဲလိုဝင်ရောပြီး ငြိမ်းချမ်းတဲ့ လမ်းကြောင်းကို အကြမ်းဖက်တဲ့ဆီ ဦးတည်သွားအောင် ပြောင်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။ နောက်ဆုံး ရွှေဝါရောင်တော်လှန်ရေးကိုပဲ ကြည့်လေ.. ဘယ်ကမှန်းမသိတဲ့ ကားတစ်စီးနဲ့ အုပ်ခဲကျိုးတွေ လူအုပ်နား လာချပေးသွားတယ်။ အဲဒီလူအုပ်ထဲမှာလည်း စွမ်းအားရှင်ဆိုတဲ့ဟာတွေက ၀င်ရောနေပြီးသား။ အဲဒီတော့ ငြိမ်းချမ်းစွာကနေ ခဲနဲ့ပစ် အကြမ်းဖက်တဲ့ဆီကို ပြောင်းသွားရော။ အဲတော့ နိုင်ငံကြီးတွေမှာလို နေရာသတ်သတ်မှတ်မှတ်နဲ့ ကိုယ့်လူကိုယ်ထိန်းပြီး လုပ်ဖို့သင့်တယ်။ တကယ်လို့ ဧရာဝတီကို မရပ်ဘူးဆိုတာ ကျိန်းသေရင်ပေါ့။ အခုဟာက ရပ်မယ် မရပ်ဘူး မကျိန်းသေသေးဘူး။ သမ္မတကြီးနဲ့ တချို့ဝန်ကြီးတွေကသေသေချာချာ ပြန်သုံးသပ်ချင်တယ်။ ဒါပေမယ့် ဇွတ်လုပ်မယ်ဆိုတဲ့ ၈လုံးတို့ အုပ်စုကို မထိန်းနိုင်ဘူးဖြစ်နေတာ။
 
 
 gwayPaw 
ဆနပြတာ မလုပ်သင့်သေးဘူး။ ကြံ့ဖွံ့ဒလံတွေ က လူအုပ်ထဲဝင်ရောပြီး ဖျက်ဆီးတာတွေ အကြမ်းဖက်တာတွေ ၀င်လုပ်ရင် အားလုံးရှုပ်ကုန်လိမ့်မယ်။ ဒီခေတ်ကြီးမှာ အဆင်မပြေကြတဲ့သူတွေကလဲ အများသား။ ဒီတော့ လုဖို့ယက်ဖို့ လက်မတွန့်ကြဘူးလေ။ ဒီခွင်ကိုမြင်လို့ ဆနပြတဲ့လူအုပ်ထဲကို ရောရောင်ဝင်ပါပြီး လုယက်ကြဖျက်ဆီးကြဆို ဘယ်သူ့အတွက်မှ မကောင်းနိုင်ဘူး။
 
mike1983
အခုလို ရောင်ခြည်စသန်းနေတဲ့ အချိန်မှ ဒီလိုလုပ်တာက လုံးဝ မဖြစ်သင့်ဘူး။ ဘယ် အဖွဲ့အစည်းကပဲ လုပ်လုပ် လုံးဝ ကန့်ကွက်တယ်။
 
 
kitten
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခုလိုအချိန်မှာ ဒါမျိုးမလုပ်သင့်ပါဘူး.. အစိုးရကိုယ်တိုင်လည်း ပြည်တွင်း/ပြည်ပ ပညာရှင်တွေနဲ့ ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် စဉ်းစားလုပ်ဆောင်နေတယ်ဆိုတာ ယုံကြည်ပါတယ်.. ကိုယ်ကဒီလိုပုံစံမျိုးနဲ့ ပြသနာကို ဖြေရှင်းမယ်ဆိုရင် ပညာရှင်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကိုလည်း အသိအမှတ်မပြုရာရောက်ပြီး ကျွန်တော်တို့ နိုင်ငံလည်း သုညကနေ တစ် .. တစ်ပြီး သုညနဲ့ လုံးလည်ချာလည် လိုက်နေမှာပါ.. ဒီလိုဆန္ဒပြမှုကို ရှုံ့ချပါတယ်
 

0 comments:

Post a Comment


Popular Posts