'
အမိမြေ

ပြည်သူများ နစ်နာမှု ရှိပါက နိုင်ငံတော် သမ္မတ ထံ တိုင်ကြားနိုင်



ပြည်သူများ နစ်နာ မှုရှိက နိုင်ငံ တော် သမ္မတထံ သို့ တိုက်ရိုက်တိုင် ကြားနိုင် ကြောင်း နေပြည်တော် တွင် ပြုလုပ် သည့် သတင်းစာ ရှင်းလင်းပွဲ ၁ /၂၀၁၁ တွင် နိုင်ငံတော် ပြောရေး ဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန် ကြီး ဦးကျော်ဆန်းက ပြောကြားသည်။ အစိုးရသစ် တာဝန်ယူပြီး ကာ လ ၂၀၁၁ ဧပြီမှစတင်၍ ပြည်သူများက ၎င်းတို့၏ နစ်နာမှုများ နှင့်ပတ်သက်၍ နစ်နာချက် အမျိုးမျိုး အား နိုင်ငံတော် သမ္မတရုံး သို့တင်ပြခဲ့မှု ၅၈၅ မှုရှိခဲ့ ကြောင်း၊ ယင်းအမှုများ အနက်တင် ပြချက်ပေါင်း ၇၉ မှုကို ဖြေရှင်း ပေး ပြီးဖြစ်ကြောင်း၊ ကျန်ရှိသည့် အမှု ပေါင်း ၅၀၆ မှုအား စိစစ် အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။
“ယနေ့နိုင်ငံတော် အတွင်းမှာ ပြည်သူတွေအနေနဲ့ မိမိတို့မှာ နစ်နာ မှုရှိရင် အဲဒီအတွက် နိုင်ငံတော် အ ကြီး အကဲများ အပါအ၀င် သက်ဆိုင် ရာ ဌာနတွေ ကို အကြောင်းကြား ပြော ဆိုခွင့် ရှိတယ်” ဟု ပြည်ထောင်စု ၀န် ကြီး ဦးကျော်ဆန်းက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၇ တွင် နိုင်ငံတော် သည် မည်သူ့ ကိုမဆို ဥပဒေ အရာတွင် တန်းတူညီ မျှအခွင့်အရေး ရရှိစေရမည်။ ထို့အ ပြင် ဥပဒေ၏ အကာ အကွယ်ကို လည်း တန်းတူညီမျှ ရယူပိုင်ခွင့် ပေး ရမည် ဟူ၍ ဖော်ပြ ထားကြောင်း ၎င်းကဆက်ပြောသည်။

ဇော်မင်းနိုင်



0 comments:

Post a Comment


Popular Posts