'
အမိမြေ

ငွေကြေးလဲလှယ်နှုန်းကို တစ်ဒေါ်လာလျှင် ကျပ် ၉၀၀နှင့် ၁၀၀၀အကြားထားရှိရန် မျှော်လင့်



နေပြည်တော်၊ ငွေကြေးလဲလှယ်နှုန်းကို သတ်မှတ်ရာတွင် နိုင်ငံတော်၊ ပြည်သူနှင့် လုပ်ငန်းရှင်များ မထိခိုက်စေရန် အဘက်ဘက်မှ ဘက်စုံထောင့်စုံစိစစ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ အမှတ်(၁) နှင့် အမှတ်(၂)စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း ကပြောသည်။
ငွေကြေးလဲလှယ်နှုန်းကိုသတ်မှတ်ရာတွင် တစ်ဒေါ်လာလျှင် ကျပ် ၉၀၀ နှင့် ၁၀၀၀ကြားထားရှိခြင်းသည် တိုင်းပြည်အတွက် ပိုပြီးဖြစ်နိုင်ခြေရှိရန် မျှော်လင့်ကြောင်းနှင့် နိုင်ငံတော်မှလည်း ဖြစ်အောင်ကြိုးစားနေကြောင်း ပြည်ထောင်စုဝန်ကြီးက သြဂုတ် ၂၈ရက်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြားခဲ့သည်။
““ငွေကြေးဖလှယ်နှုန်းသတ်မှတ်ရာမှာ ပြည်ပပို့ကုန်၊ သွင်းကုန် ဆောင်ရွက်နေတဲ့ လုပ်ငန်းရှင်Exporter၊ Importer များ ထိပါးမှု မရှိစေဖို့၊ စားသုံးသူများအနေဖြင့် ထိပါးမှုမရှိစေဖို့၊ လက်ဝယ်နိုင်ငံခြား ငွေကိုင်ဆောင်ထားသူများနှင့် လက်ဝယ်ပြည်တွင်းသုံးငွေကိုင်ဆောင် ထားသူတွေအနေနဲ့ ထိပါးမှုမရှိစေဖို့၊ နိုင်ငံတော်ရဲ့ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ငွေရေးကြေးရေးကဏ္ဍ များမှာ ထိပါး မှုမရှိစေဖို့ အဘက် ဘက်က ဘက်စုံထောင့်စုံ စိစစ်ညှိနှိုင်းပြီးမှ ဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ Unification of Ex-change Rateပြောင်းလဲကျင့်သုံးမယ့်ကိစ္စကို သောကမထားဘဲ မိမိတို့ ဆောင်ရွက်နေတဲ့ စီးပွားရေးလုပ်ငန်းကိုသာ အာရုံစူးစိုက်ပြီးဆောင်ရွက် ရန်လိုအပ်ပါမယ်””ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ငွေကြေးလဲလှယ်နှုန်းထားသည် အမေရိကန်ဒေါ် လာနှင့် ကျပ်ငွေတွင် နိုင်ငံတော်မှသတ်မှတ်နှုန်းသည် ၅ဒသမ၈ကျပ်နှင့် ပြင်ပဈေးကွက်ပေါက်ဈေးသည် ကျပ် ၇၀၀ကျော်ဝန်းကျင်တွင် ဖြစ်ပေါ် လျက်ရှိရာ အဆပေါင်း ၇၀၀ကျော်ကွာဟလျက်ရှိပြီး တိုင်းပြည်စီးပွား ရေးဖွံ့ဖြိုးရန်အတွက် ငွေကြေးလဲလှယ်နှုန်းကို ပြောင်းလဲသတ်မှတ်ရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက တောင်းဆိုထား သည်။
ယင်းနှင့်ပတ်သက်၍ ငွေကြေးလဲလှယ်နှုန်းကို ပြင်ဆင်ရာတွင် နှုန်းသေနှင့်နှုန်းရှင်သတ်မှတ်မှုအား ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(IMF)နှင့် ဆွေးနွေးညှိ နှိုင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိမ်းက သြဂုတ် ၁၂ရက်တွင် ပြုလုပ် သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွား သည်။
““ကန်ဒေါ်လာနဲ့ကျပ်ငွေလဲလှယ် နှုန်းက ၉၀၀လောက်သတ်မှတ်ရင် တော့ အားလုံးအတွက်လုပ်သာ ကိုင် သာရှိလိမ့်မယ်မှန်းပါတယ်။ ဒါကတော့ ကာလ တိုတစ်ခုအနေနဲ့ စတင်သတ်မှတ်ပြီးဆောင်ရွက် မယ်ဆိုရင်ကောင်းပါတယ်။ ပြီးတော့မှ အခြေအနေပေါ် မူတည်ပြီး တဖြည်းဖြည်းပြောင်းလဲရင်ရနိုင်ပါတယ်””ဟု မြန်မာ နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။

tkzin@yangonmedia.com

0 comments:

Post a Comment


Popular Posts