'
အမိမြေ

နျူကလီးယား လက်နက် ထုတ်လုပ်ရန် လုံလောက်သည့် စီးပွားရေး အင်အား မရှိကြောင်း မြန်မာ အရာရှိ တစ်ဦး ပြောကြား


မြန်မာနိုင်ငံ အနေဖြင့် အနောက်နိုင်ငံများ စိုးရိမ် ပူပန် နေသကဲ့သို့ နျူကလီးယား လက်နက် ထုတ်လုပ်ရန် လုံလောက် သည့် စီးပွားရေး အင်အားမရှိကြောင်း ထိပ် တန်းမြန်မာ သံတမန်တစ်ဦးက ကုလ သမဂ္ဂ အဏုမြူအေ ဂျင်စီသို့ပြောကြားသည်။
မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယား လက်နက် ထုတ်လုပ်ရန် စဉ်းစား နေခြင်းမရှိကြောင်း၊ ကုန်ကျစ ရိတ်များစွာ သုံးစွဲရမည့် ထိုစီမံကိန်း များဆောင်ရွက်ရန် လုံလောက် သည့်ငွေကြေး ပမာဏမရှိကြောင်း၊ ရုရှား နိုင်ငံ နှင့် နျူကလီးယား သုတေသန လုပ်ငန်းဆောင်ရွက်ခဲ့ခြင်း မှာလည်း ပညာရေး နှင့်ကျန်းမာရေး ကဏ္ဍများတွင် နျူ ကလီးယားစွမ်းအင် ကိုအသုံးချနိုင်ရေး အတွက် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊ နျူလက်နက် ထုတ်လုပ် ရန် အစီအစဉ်မရှိကြောင်း ပြောကြားသည်။
အပြည်ပြည် ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA)ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းသည် ဗုဒ္ဓဟူးနေ့ က IAEA ၏ နှစ်ပတ်လည် အစည်းအဝေး သို့ တက်ရောက်ခဲ့ပြီး ယခုကဲ့သို့ ထုတ်ဖော် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့်နှစ်က ကုလသမဂ္ဂ၏ အစီရင်ခံစာတွင် မြောက်ကိုရီးယား သည် မြန်မာနိုင်ငံအပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ နျူကလီးယား နည်းပညာများဖြန့် ဖြူးနေသည် ဟုယူဆကြောင်း ရေးသား ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံက မြန်မာနိုင်ငံကို နျူကလီးယား နည်းပညာ ဖြန့်ဖြူး နေသည်ဟု သတင်း ထွက်ပေါ်ခဲ့ခြင်း သည် ကမ္ဘာ့နိုင်ငံများ အတွက် စိုးရိမ် ပူပန်ဖွယ်ဖြစ် ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က  ၂၀၀၉ ခုနှစ် တွင်ပြောကြား ခဲ့သည်။

ခိုင်လင်းကျော်

Ref: Radio Australia


0 comments:

Post a Comment


Popular Posts