'
အမိမြေ

အယ်ဂျီးရီးယားအစိုးရ ကဒါဖီမိသားစု တရားဝင်လက်ခံလိုက်ပြီ




ဂဒါဖီ၏ဇနီး ဆာဖီယာ၊ သားနှစ်ဦး နှင့် သမီး

လစ်ဗျားခေါင်းဆောင် ကဒါဖီ၏ ဇနီးနှင့် သမီးတစ်ဦး၊ သားနှစ်ဦးတို့ကို ဒုက္ခသည်များ အဖြစ် မိမိတို့နိုင်ငံတွင် လက်ခံထားကြောင်း အယ်ဂျီးရီးယား အစိုးရက တရားဝင် ကြေညာခဲ့သည်။ သူပုန်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဤလုပ် ရပ်သည် လစ်ဗျားပြည်သူတို့အား ရန်ပွားခြင်း အပြုအမူ ဖြစ်ပြီး ၄င်းတို့ကို တရား ဝင်ပြန်လည် လွှဲပြောင်းပေးရေးအတွက် ကြိုးစားသွားမည်ဟု ဖော်ပြသည်။  အယ်ဂျီးရီးယား နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ကဒါဖီ၏ဇနီး ဆာဖီယာ၊ သမီး  အီရှာနှင့် သားနှစ်ဦးဖြစ်သူ မူဟာမွန်နှင့် ဟန်နီ ဘိုင်တို့ဖြစ်ကြပြီး တနင်္လာနေ့ ဒေသစံတော် ချိန် နံနက် ၈ နာရီ ၄၅တွင်   ရောက်ရှိလာ ကြောင်း   ဖော်ပြထားသည်။ ကဒါဖီမှာ မည်သည့်နေရာဝယ် ရောက်ရှိ ပုန်းခိုနေကြောင်းကိုတော့ ခြေရာခံသူများ အတိအကျ မသိ ရသေးပေ။

0 comments:

Post a Comment


Popular Posts