'
အမိမြေ

KIA အဖွဲ့က လုံခြုံရေးတပ်ဖွဲ့ဝင်များအားအကြောင်းမဲ့ ဖမ်းဆီး တပ်မတော်စစ်ကြောင်းများ လိုက်လံရှင်းလင်းလျှက်ရှိ

 
သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သော မြန်မာအစိုးရသစ်သည် တိုင်းရင်းသားလက်နက်ကိုင်များအား တရားဝင် ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများပြုလုပ်ကာ ငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်၍ လက်တွေ့ကျသော ချဉ်းကပ်ဆောင်ရွက်မှုများကြောင့် အချို့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပဏာမ ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါသည် ။
အလားတူပင် KIA အဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးအတွက် အကြိမ်ကြိမ်ဆွေးနွေးခဲ့ကြပြီး ၊ နှစ်ဘက်တပ်များ ယာယီအားဖြင့် အပစ်အခတ်ရပ်စဲထားရန် သဘောတူညီခဲ့သော်လည်း KIA အဖွဲ့သည် လိုက်နာဆောင်ရွက်ခြင်းမပြုသည့်အပြင်  စက်တင်ဘာ ၂၁ ရက် ဗုဒ္ဓဟူးနေ့ ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် မူဆယ်မြို့နယ်၊ မန္တလေး-မူဆယ်လမ်း၊ နမ်အွမ်ကျေးရွာမှ အရှေ့တောင်ဘက် (၈) မိုင်အကွာ ဒီမားကျေးရွာအနီး ရွှေပြည်သစ် ဘိန်းဖြတ်စခန်းနှင့် ကပ်လျက်ရှိသည့် ရဲဘက်အကျဉ်းစခန်းအား KIA တပ်မဟာ ၄ လက်အောက်ခံတပ်များက အကြောင်းမဲ့ ၀င်ရောက်စီးနင်းကာ အကျဉ်းသားများအား ဥပဒေမဲ့ လွှတ်ပေးခဲ့သည့် အပြင် လုံခြုံရေးတာဝန်ထမ်းဆောင်နေကြသူ ၈ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည် ။ မိမိ တပ်မတော်စစ်ကြောင်းများမှ ဆက်သွယ်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြန်လည်လွှတ်ပေးရန် ညှိနှိုင်းဆက်သွယ်ခဲ့သော်လည်း ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့ပါ ။
ထို့အပြင် ကချင်ပြည်နယ် ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် မြို့သစ်တွင် စိုက်ထူထားသော ဆက်သွယ်ရေးမျှော်စင်ရုံး အား လည်း KIA  အဖွဲ့က စက်တင်ဘာ ၂၄ ရက် ညနေပိုင်းတွင် ၀င်ရောက်သိမ်းပိုက်ကာ လုံခြုံရေး တာဝန်ထမ်းဆောင်နေသူ ၅ ဦးကိုထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြန်ပါသည် ။


သို့ဖြစ်ပါ၍ KIA အဖွဲ့၏ လတ်တလောဆောင်ရွက်ချက်များသည် ငြိမ်းချမ်းရေးကို ရှေးရှုခြင်းမရှိသည့်အပြင် ၊ တရားဥပဒေစိုးမိုးရေး နှင့် ဒေသတွင်းနေထိုင်သူ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ များနှင့် ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကိုပါ ထိခိုက်လာပါသဖြင့် တပ်မတော်စစ်ကြောင်းများမှ မလွှဲသာမရှောင်သာ တော့ပဲ KIA အဖွဲ့ တပ်မဟာ ၄ နယ်မြေအတွင်းအားဝင်ရောက်ကာ နယ်မြေရှင်းလင်းရေးများ ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

ယခုသတင်းရေးသားချိန်တွင်  KIA အဖွဲ့တပ်မဟာ ၄ ၏ရှေ့ကာတပ်ရင်းဖြစ်သော ဒတ်နိုင်းအခြေစိုက် တပ်ရင်း ၉ ဌာနချုပ်ကို မိမိတပ်မတော် စစ်ကြောင်းများမှ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါသည် ။


Ref : http://doctorsatephwar.blogspot.com/



0 comments:

Post a Comment


Popular Posts