'
အမိမြေ

ပြည်ပ အလုပ်သွားရောက် လုပ်ကိုင်သူများ ပေးဆောင်ရမည့် အခွန် အမိန့် ထုတ်ပြန်ပြီး နောက်ပိုင်း ပြန်လာသူများသာ အကျုံးဝင်


ပြည်ပတွင် တရားဝင်အလုပ် သွားရောက် လုပ်ကိုင်သည့် သူများ ပေးဆောင်ရမည့် အခွန်နှင့်ပတ်သက် ၍ အမိန့်ကြော်ငြာစာ ထွက်ပေါ်လာ ပြီးနောက်ပိုင်း ပြန်လာ သူများသာ အကျုံးဝင်ကြောင်း ပို့ဆောင်ရေးဝန် ကြီးဌာန ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ စက်တင် ဘာ ၂ ရက်က အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။
“သင်္ဘောသား တွေအတွက်က မြန်မာနိုင်ငံကိုပြန်လာ တဲ့နေ့ပေါ်မှာ မူတည်တယ်။ အမိန့် ထွက်လာပြီးမှ ပြန်လာ တဲ့သူပဲ အကျုံးဝင်တယ်။ အဲ ဒီနေ့ မတိုင်မီပြန်လာရင်တော့ ပုံမှန် အတိုင်းပဲ ၁၀ ရာခိုင်နှုန်း ပဲဆောင်ရ မှာ”ဟု အဆိုပါပုဂ္ဂိုလ်ကပြောသည်။
အရပ်သားအစိုးရ အဖြစ်အသွင် ပြောင်းလဲဖွဲ့စည်းထား သော အစိုးရ သစ်မှ သြဂုတ်လ ၁၈ ရက်မှစတင် ၍ ပြည်တွင်း နေနိုင်ငံသားနှင့် ပြည် ပနေနိုင်ငံသားများ က နိုင်ငံခြားငွေ ဖြင့် ရရှိသည့် ၀င်ငွေစုစုပေါင်း အပေါ် ရရှိသည့် နိုင်ငံခြားငွေ အမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန် ကို ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျှော့ပေါ့ သတ်မှတ်ပေးလိုက်ပြီး အ ဆိုပါအမိန့်ကြော်ငြာစာအား ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၉ ရက်မှ ၂၀၁၂ ဖေဖော်ဝါရီ ၁၈ ရက်အထိ ခြောက် လ အကျိုးသက်ရောက်စေကြောင်း ထုတ်ပြန်ကြေညာထားသည်။
ယင်းနေ့ မတိုင်မီပြန်ရောက်လာ သူများ အနေဖြင့် ယခင်အတိုင်း၁၀  ရာခိုင်နှုန်းဖြင့် သာပေးဆောင်ရမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ဌာနအသီး သီးမှ တာဝန်ရှိသူများကပြောသည်။
ယခုကဲ့သို့ ပြောင်းလဲသတ်မှတ် လိုက်သော်လည်း သင်္ဘောသား လော ကတွင် ထူးထူးခြားခြားပြောင်းလဲမှု များကြုံတွေ့ရခြင်း မရှိကြောင်းလည်း သင်္ဘောသားအလုပ်အကိုင်အသိုင်း အ၀ိုင်းက ပြောသည်။
“သင်္ဘောသား အများစုကကုမ္ပ ဏီနဲ့စာချုပ်ချုပ်ကြရင် လစာ ကို ပုံ မှန်ထက်လျှော့ပြီးချုပ်ဆိုတာ တွေရှိ တယ်။ အဲဒီမှာ ဖော်ပြထားတဲ့လစာက တရားဝင် ရရှိတဲ့ငွေကြေးမဟုတ်ဘူး။ ဥပမာ တစ်လ ကို ဒေါ်လာ ၄,၀၀၀ လောက်ရတဲ့သူက စာချုပ်မှာ ၂,၀၀၀ လောက်ပဲဖော်ပြထားတယ်။ အခွန် ဆောင်ရင် လျော့အောင် ဆိုပြီးလုပ် တာပေါ့”ဟု နာမည်ကြီး ကိုရီး ယားသင်္ဘော အေဂျင်စီကုမ္ပဏီတစ် ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
တည်ငြိမ်မှု မရှိသည့် နိုင်ငံခြား ငွေလဲ လှယ်နှုန်းကြောင့် နိုင်ငံခြားငွေ ဖြင့် ပေးဆောင်ရသည့် ပို့ကုန်သွင်း ကုန်လုပ်ငန်း ရှင်များ၊ ပြည်ပတွင်သွား ရောက်လုပ်ကိုင်သည့် နိုင်ငံသားများ ၏၀င်ငွေနှုန်းများအား တစ်ပြိုင်နက် တည်း လျှော့ချပေးခဲ့ ကြောင်း ထုတ် ပြန် ကြေညာချက် များအရသိရသည်။

ဇော်မင်းနိုင်

0 comments:

Post a Comment


Popular Posts