'
အမိမြေ

ဧရာဝတီအရေး နှင့် ရေပေါ်ဆီလူတန်းစားများ ( ပေးစာ ၁ )


ဧရာဝတီ ကိုချစ်နေကြတဲ့ ( အခုမှ နှစ်နှစ်ကာကာ ချစ်နေကြတာနော် ) ပါးစပ်ကသာ အော်နေပြီး တွက်ချက်ပြနေပြီး ဧရာဝတီ ရေကိုတောင်ထိဖူးကြရဲ့ လားတော့မသိ ၊ တစ်ခုတော့ ပြောချင်ပါတယ်.. နိုင်ငံခြားမှာနေ မြို့ပေါ်မှာ နေပြီး တကယ့် ဧရာဝတီနားမှာ နေတဲ့ပြည်သူတွေရဲ့ ခံစားချက်ကိုမှမသိ ရေးချင်တာတွေ ရေးနေတဲ့ ဘာမသိညာမသိ ပါးစပ်ကနေ အတွက်အချက် တွေနဲ့တွက်ပြနေတဲ့သူတွေရေ  တကယ့်အောက်ခြေက ဧရာဝတီကိုမှီခို နေကြရတဲ့ ဒေသတွေမှာ နေတဲ့သူတွေရဲ့ စိတ်ထဲမှာ အခုလိုစီမံကိန်း ကြီးတွေကြည့်ပြီး အော်ငါတို့ကျေးရွာ တွေတော့ မကြာခင်ဖွံ့ဖြိုးတော့မယ် တိုးတက်တော့မယ်ဆိုပြီး ၀မ်းသာပီတိ ဖြစ်နေကြရတယ် ဆိုတာခင်ဗျား တို့သိမယ်မထင်ပါဘူးဗျာ.. တကယ်ချစ်တက်ရင် ဘက်စုံထောင့်စုံ နေရာစုံရောက်အောင် သွားနေဖူးအောင် နေပြီးအဲ့ဒီ ဒေသကလူတွေရဲ့အသံကို နားထောင်သင့်တယ်  အခုမှချစ်ပြနေလိုက်တာဗျာ ရွံ့ဖို့ကောင်းလိုက်တာ .. ခင်ဗျားတို့လို သူများဧရာဝတီ ငါတို့ဧရာဝတီလို လူစားမျိုးတွေထက် စာရင်တော့ အခုလက်ရှိအစိုးရ လုပ်နေတဲ့ စီမံကိန်းတွေဟာ တကယ့်အောက်ခြေ ကပြည်သူလူထု အတွက်တော့ အများကြီးအထောက် အကူပေးမယ်ဆိုတာ ဧရာဝတီ ကိုမှီခို နေရတဲ့ ဧရာဝတီရဲ့ပြည်သူစစ်စစ်တွပဲ နားလည်လိမ့်မယ် ဆိုတာကို ရေပေါ်ဆီလူတန်းစား တစ်စု အားသိစေချင်သော ဆန္ဒဖြင့်..........

                                                                                                    ဧရာဝတီကိုချစ်တဲ့ .. ဧရာဝတီသားစစ်စစ်


ဆက်လက်ပြီး စာလွှာများ ပေးပို့လိုပါက ( open.resources88@gmail.com ) သို့ပေးပို့နိုင်ပါတယ်ခင်ဗျာ


0 comments:

Post a Comment


Popular Posts