'
အမိမြေ

"အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြတာ"




မကြာသေးမီ ရက်ပိုင်းအတွင်း ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သော သီးလေးသီးအဖွဲ့ဝင်တစ်ဦးဖြစ်သူ လူရွှင်တော် ဂေါ်ဇီလာနှင့် The Messenger ဂျာနယ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

အခု ပြန်လာတုန်းက ဘယ်လိုမျိုး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့လဲ။

ကျွန်တော်တို့ မစိုးရိမ်ဘူး။ ဘာဖြစ်လို့ မစိုးရိမ်လဲဆိုတော့ ကျွန်တော်တို့ ပြည်ပကို ထွက်သွားပြီး

အငြိမ့်နဲ့အနုပညာအလုပ်ပဲ လုပ်ကြတာ။ ကျွန်တော်တို့ ပြက်လုံးတွေက ပုဂိုလ်ရေးမပါဘူး။

အငြှိုးအတေး မပါဘူး၊ နိုင်ငံတော်မှာ ဖြစ်ပျက်နေတဲ့ ပြည်သူလူထုရဲ့ ခံစားချက်တွေကို တင်ပြပေးတာ။

ဒါလေးတွေကတော့ ဒီလိုဖြစ်နေတယ်၊ ဒါလေးတွေကတော့ လိုအပ်နေပါတယ်၊ ဒါလေးတွေကိုတော့

ဖြည့်ဆည်းပေးပါဆိုတဲ့ ရည်ရွယ်ချက်ပဲ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဖမ်းမှာ ဆီးမှာစိုးတဲ့

ပူပန်မှုမျိုး မရှိခဲ့ပါဘူး။

ပြည်ပမှာ အနုပညာအလုပ်ကို လုပ်တဲ့အခါ ဘယ်လိုအခက်အခဲမျိုးတွေ တွေ့ခဲလဲ။

ပြည်ပမှာ အငြိမ့်ကဖို့အတွက်ကတော့ အခက်အခဲရှိတယ်။ ပထမအခက်အခဲက ဗီဇာအခက်အခဲ။

ဒုတိယအခက်အခဲက ပရိသတ်အများကြီး လာကြည့်ချင်ပေမယ့် ကောလာဟလ သတင်းတွေကြောင့်

လာကြည့်ဖို့ စိတ်ကူးထားတဲ့ ပရိသတ်ထဲက တစ်ဝက်လောက်ပဲ တကယ်လာကြည့်ဖြစ်တာ။

တတိယအခက်အခဲက အဖွဲ့အစည်းတွေက လာပြီးမိတ်ဆက်တယ်။ ပြီးတော့ သူတို့အောက် သွတ်သွင်းဖို့

ကြိုးစားတယ်။ ကျွန်တော်တို့ ဒါမျိုးကိုတော့ လက်မခံခဲ့ဘူး။ အနုပညာသမား အနုပညာအလုပ်ကိုပဲလုပ်တယ်။

ဘယ်အဖွဲ့အစည်းရဲ့ သြဇာလက်အောက်ခံအဖြစ် အရောက်မခံနိုင်ပါဘူး။

ဘယ်လိုအဖွဲ့အစည်းမျိုးတွေဆိုတာ ပြောပြလို့ရမလား။

အဖွဲ့အစည်းတွေဆိုတာ မျိုးစုံပါပဲ။ တကယ်တမ်းပြောရရင် ဘာတွေမှန်းကို မသိတာ။ နိုင်ငံရေး၊

လူမှုရေး အဖွဲ့အစည်းတွေ ။ အထူးသဖြင့် နိုင်ငံရေးအဖွဲ့အစည်းက ပိုများတယ်။ ကျွန်တော်တို့ ဘယ်

အဖွဲ့အစည်းနဲ့မှ မပူးပေါင်းခဲ့ဘူး။ ကျွန်တော်တို့ လက်လဲမခံဘူး။ ကျွန်တော်တို့အမြင်မှာ ပြည်သူလူထု

အတွက် အကျိုးရှိမယ်၊ အများအတွက် အကျိုးရှိမယ်ဆိုရင်တော့ ဘယ်သူနဲ့မဆို ပူးပေါင်းမှာပါ။

အဖွဲ့အစည်းတစ်ခုရဲ့ အသုံးအချခံတော့ အဖြစ်မခံနိုင်ဘူး။ အဲဒါတွေကိုတော့ တော်တော်လေး ရှောင်

တိမ်းခဲ့ရတယ်။

ဘာ့ကြောင့် လက်မခံရလဲဆိုတာ ထင်သာမြင်သာရှိအောင် ရှင်းပြပါလား။

ကျွန်တော့်အနေနဲ့ပြောရရင် အဖွဲ့အစည်းတော်တော်များများက လုပ်စားနေကြတာ။

တိုင်းပြည်ဒီမိုကရေစီရအောင် လုပ်ပေးမယ်ဆိုပြီး လုပ်စားနေကြတာ။ အကျိုးရှိစေတဲ့ ကိစ္စ

သိပ်မလုပ်ဘဲ မအပ်စပ်တဲ့ ကမ်ပိန်းတွေလုပ်ပြီး အလှူရှင်တွေဆီက ပိုက်ဆံတွေယူပြီး

ပြည်ပမှာ သုံးဖြုန်းကြပေါ့ဗျာ။ နိုင်ငံရေးလုပ်တဲ့နေရာမှာ အားလုံးက ကိုယ့်နိုင်ငံ တကယ်

တိုးတက်စေချင်တဲ့ သူတွေချည်းပဲ။ တကယ်တိုးတက်စေချင်တယ်ဆိုရင် အရာမရောက်တဲ့

အလုပ်တွေကို မလုပ်စေချင်ဘူး။ ထင်ပေါ်ကျော်ကြားအောင် မဟုတ်တာတွေ လုပ်နေကြတာ

အခု နိုင်ငံရေးလုပ်တာ နှစ် နှစ်ဆယ်ကျော်နေပြီ ဘာမှလဲ ထိရောက်မှုမရှိဘူး။

ပြည်ပမှာ ကျန်နေရစ်ခဲ့တဲ့ သီးလေးသီး အဖွဲ့ဝင်တချို့က ဦးဇာဂနာလွှတ်ပေးမှ

ပြန်လာမယ်ကြားတယ်။

ကျွန်တော်တို့အားလုံး နောက်ဆုံးတွေ့တဲ့အချိန်မှာ သဘောတူညီချက်က ဘာလဲဆိုတော့

ကျွန်တော်တို့ အရင်ပြန်မယ်၊ သူတို့က ကျန်ရှိတဲ့အလုပ်လေးတွေ ပြတ်ပြီးရင်

ပြန်လာခဲ့မယ်။ ပြန်ရောက်ရင်တော့ သီးလေးသီးအဖွဲ့ ပြန်ကမယ်ဆိုပြီး သဘောတူခဲ့ပါတယ်။

ဦးဇာဂနာ မိသားစုနဲ့ရော သွားတွေ့ပြီးပြီလား။

လောလောဆယ်မှာတော့ သွားမတွေ့ဖြစ်သေးပါဘူး။

သွားတော့တွေ့မှာပါ။

အခု ပြန်လာဖို့အတွက် ဦးဇာဂနာမိသားစုကနေတစ်ဆင့် ဦးဇာဂနာဆီက ထင်မြင်ချက်

တောင်းခံခဲ့တာမျိုး ရှိပါသလား။

အမှန်တိုင်းပြောရရင် ဦးဇာဂနာမိသားစုကို မဆက်သွယ်ခဲ့ပါဘူး။

မဆက်သွယ်ခဲ့တဲ့အတွက် သူတို့ ဘယ်လိုမှတ်ချက်ပေးမလဲ မသိပါဘူး။

ဦးဇာဂနာအနေနဲ့ ပြန်လာတဲ့ သီးလေးသီးအဖွဲ့ကို ဘာပြောချင်တယ် ထင်ပါသလဲ။

သူလည်း အနုပညာသမားပါ။ သူက သူများနိုင်ငံသွားတာ မကြိုက်ဘူး။

ကျွန်တော်တို့က သုံးနိုင်ငံဆိုပြီး ခရီးရှည်သွားတာ၊ သူက ပြီးသွားရင်

ပြန်လာခဲ့လို့ ပြောထားတာ။ ကျွန်တော်တို့ အစ်ကိုဆရာအနေနဲ့

ကြိုဆိုမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပြန်လာတဲ့ကိစ္စကို သူ့အနေနဲ့

အတိုက်အခံလုပ်မယ်လို့ မထင်ပါဘူး။

ကျန်ရှိသည့် သီးလေးသီး အဖွဲ့ဝင် အင်တာဗျူးများကို ဆက်လက်ဖော်ပြပေးသွားပါမည်။



Ref : http://www.irrawaddyblog.com/

0 comments:

Post a Comment


Popular Posts