'
အမိမြေ

ဆယ်အိမ်စုကိုယ်စားလှယ်များ လျှို့ဝှက်ဆန္ဒမဲပေးရွေးချယ်ရမည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူး ဥပဒေကြမ်း သက်ဆိုင်ရာပြည်ထဲရေးဝန်ကြီးဌာန လွှတ်တော်၌တင်ပြပြီ



ရန်ကုန်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးအား ဆယ်အိမ်စုကိုယ်စားလှယ်များက လျှို့ ၀ှက်ဆန္ဒမဲပေးရွေးချယ်ရမည့် ဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက ပြည်သူ့လွှတ်တော်၌ တင်ပြထားပြီဖြစ်ကြောင်း သိရသည်။
ဆယ်အိမ်စုတစ်စုချင်းအိမ်ထောင်ဦးစီး များမှ ပုဂ္ဂိုလ်တစ်ဦးချင်း သို့မဟုတ် တစ်ဦးထက် ပိုသူဖြစ်စေ၊ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးအတွက် တင်ပြသည်ကို အများကြည် ညိုလေးစားသည့် သြဇာတိက္ကမရှိသည့် ပုဂ္ဂိုလ် ငါးဦးက စိစစ်မည်ဖြစ်ကာ ယင်းနောက် စိစစ် ရွေးချယ်ထားသည့်ပုဂ္ဂိုလ်များကို ဆယ်အိမ်စု ကိုယ်စားလှယ်များက လျှို့ဝှက်ဆန္ဒမဲပေးရွေး ချယ်ရမည်ဖြစ်ကြောင်း ဥပဒေတွင်ပါရှိသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး ဒုတိယပုံမှန် အစည်းအဝေးဆဋ္ဌမနေ့တွင် လွှတ်တော်သို့တင် သွင်းခဲ့ရာ ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည် သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ အစီရင် ခံစာကိုကော်မတီဥက္ကဋ္ဌဦးတီခွန်မြတ်က ဖတ် ကြားရှင်းလင်းခဲ့သည်။                
ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးရွေးချယ်ခန့်အပ်ရာတွင် ရပ်မိရပ်ဖ ငါးဦးပါကြီးကြပ်ရေးအဖွဲ့မှ ရပ်ကွက် /ကျေးရွာအုပ်စုအတွင်းရှိ အိမ်ခြေစာ ရင်းကိုရယူပြီး ရပ်ကွက်^ကျေးရွာအလိုက် ဆယ်အိမ်စု အစုအဖွဲ့များဖွဲ့စည်းရမည် ဖြစ်ကြောင်း၊ အဆိုပါဆယ်အိမ်စုအသီး သီးမှ အိမ်ထောင်ဦးစီးများကို မိမိတို့၏ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး သတ် မှတ်ထားသောအရည်အချင်းများအား ကြီးကြပ်ရေးအဖွဲ့များက ရှင်းလင်းပြော ကြားပေးပြီး ဆယ်အိမ်စုအလိုက် မိမိတို့ ညှိနှိုင်းရွေးချယ်ထားသော အမည်စာ ရင်းနှင့်ကိုယ်ရေးကိုယ်တာများကို တင်ပြ ရမည်ဖြစ်ကြောင်း၊ အဆိုပါဆယ်အိမ်စု အသီးသီးမှ ရွေးချယ်ထားကြသည့် ပုဂ္ဂိုလ်များကို အရည်အချင်းပြည့်မီ သောဆယ်အိမ်စုကိုယ်စားလှယ်များအ ဖြစ် အမည်စာရင်းပြုစုမည်ဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးတစ်ဦးအား အဆိုပါဆယ်အိမ်စုကိုယ် စားလှယ်များအားလုံးက လျှို့ဝှက်ဆန္ဒ မဲပေး၍ ရွေးချယ်စေရမည်ဖြစ်ကြောင်း၊ အဆိုပါလျှို့ဝှက်ဆန္ဒမဲပေးထားသော အများဆုံးပုဂ္ဂိုလ်၏အမည်စာရင်းနှင့် ကိုယ်ရေးအချက်အလက်တို့အား မြို့ နယ်အုပ်ချုပ်ရေးမှူးထံတင်ပြရမည် ဖြစ်ကြောင်း ပါရှိသည်။  
အဆိုပါရပ်ကွက်^ကျေးရွာအုပ် ချုပ်ရေးမှူး၏သက်တမ်းသည် ပြည် ထောင်စုလွှတ်တော်သက်တမ်းနှင့်အညီ ဖြစ်ပြီး သက်တမ်းသုံးကြိမ်ထက် မပို စေရကြောင်း ဖော်ပြထားသည်။
"အခုရပ်/ကျေးဥပဒေကြမ်းမှာ ပါတာတွေက ရပ်ကွက်၊ ကျေးရွာမှာ အစုအဖွဲ့တွေဖွဲ့ပြီး အဆင့်ဆင့်ရွေးသွား မယ်လို့ဆိုထားတယ်။ အဲဒီဥပဒေကြမ်း မှာလဲ ပြင်စရာတွေရှိသေးတယ်။ ငါးနှစ် သက်တမ်းနဲ့သုံးကြိမ်ထိလုပ်ခွင့်ရှိတယ်။ အသက်က (၂၅)နှစ်ကစပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးဖြစ်နိုင်တယ်။ အဲဒီမှာ အမျိုးသမီးတွေလဲလုပ်နိုင်တယ်။ အချို့ အချက်တွေကိုတော့ လွှတ်တော်ကနေ ဆွေးနွေးကြပါလိမ့်မယ်။ အခုဥပဒေ ကြမ်းမှာကိုက ပြင်စရာတွေပါနေသေး တယ်"ဟု ဥပဒေပညာရှင် ဦးကျော်က ဆိုသည်။
ယင်းအပြင် ရွေးချယ်ခံရသည့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးသည် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်နေ့မှ စတင်ပြီး နိုင်ငံရေးပါတီဝင်ဖြစ်ပါက ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင် ရွက်ခြင်းမပြုရဟု ပါရှိသည်။
အဆိုပါရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ပြည်စုံရမည့် အရည်အချင်းများတွင် သင့်တင့်သော ပညာအရည်အချင်းရှိရမည်၊ စီးပွားရေး အခြေခံကောင်းရမည်၊ တာဝန်ထမ်း ဆောင်ဆဲ အစိုးရ၀န်ထမ်းမဟုတ်ရ စသည့်အချက်များအပါအ၀င် အချက် ၁၀ချက်ပါဝင်သည်။ ကျင့်ဝတ်များတွင် လုပ်ပိုင်ခွင့်ကိုအလွဲသုံးစားပြုခြင်း၊ အရှိန် အ၀ါကိုအသုံးပြုခြင်း၊ မသမာမှုပြုခြင်း နှင့် မလျော်ညီသြဇာသုံးခြင်းတို့မှ ရှောင် ကြဉ်ခြင်းတို့ပါရှိသည်။

wmtheint@yangonmedia.com

0 comments:

Post a Comment


Popular Posts