'
အမိမြေ

ပါတီကြော်ငြာဘုတ်တွင် ဘာသာရေးမပါရ၊ စာပေစိစစ်၏ ခွင့်ပြုချက်လည်း ယူရမည်



မည်သည့်ပါတီမဆို ဘာသာရေးနှင့်ငြိစွန်းသည်မှအပ ကြော်ငြာခွင့်ပြုထားကြောင်း ရန်ကုန်တိုင်းဒေသကြီးကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။   ”ကြော်ငြာဘုတ်   ထောင်မယ်ဆိုရင် ဥပမာ ပါတီရဲ့လှုပ် ရှားမှုကို ဖော်ပြတဲ့ နေရာမှာ သံဃာတော်တွေကို ပါတီဝတ်စုံ ဝတ်ပြီး ဆွမ်းလောင်း နေတာမျိုး။ ဘုန်းကြီးကျောင်းဝင်းထဲမှာ သန့် ရှင်းရေးလုပ်နေတာမျိုးတွေဆို တခြားဟာနဲ့ အစားထိုးပြီး ကြော်ငြာရပါမယ်” ဟု ၄င်းက ပြောသည်။ ဥပဒေ အရလည်း ဘာသာရေးကို အကြောင်းပြ၍ မဲဆွယ်ခွင့်ကို ပိတ်ပင်ထားသည် ဟု ၄င်းက ဆိုသည်။ ”ဘေဘုတ်ထောင်မယ့် နေရာ အတွက်ကတော့ မြို့တော်စည်ပင် မှာ ခွင့်တောင်းပြီး လုပ်ရမယ်။ စည် ပင်ကလည်း ခွင့်ပြုပေး ပါတယ်” ဟု ၄င်းက ပြောသည်။ ပါတီကြော်ငြာ ဘုတ်များတွင် ပါဝင်သည့် စာသားများနှင့် ဓာတ်ပုံ များအတွက် စာပေစိစစ်ရေး၏ ခွင့်ပြုချက်ရယူမည်ဟု ၄င်းက ထပ်   လောင်းပြောသည်။ ”တစ်ခါတစ်ခါ စာပေစိစစ်ရေးက စာသားနဲ့ ဓာတ်ပုံတွေကို သံသယရှိရင် ကော်မရှင်ကို လှမ်းပို့ပေးတယ်။ ကော်မရှင်က စိစစ်ပေး ရပါတယ်” ဟုဦးကိုကိုကပြောသည်။ လက်ရှိ၌ ပါတီကြော်ငြာဘုတ် ထောင်ရန် ပြည်ခိုင်ဖြိုးပါတီကသာ လာရောက် ဆက်သွယ်မှုရှိသေး ကြောင်း၊ ယင်းပါတီအား ဘေဘုတ် ထောင် ခွင့်ပြုထားပြီး အခြားပါတီများ လာရောက် လျှောက်ထားမည်ဆိုပါက လည်းစိစစ်၍ ခွင့်ပြုပေးသွားမည်ဖြစ် ကြောင်းကော်မရှင်ဥက္ကဋ္ဌကဆိုသည်။  ဧပြီ ၁  ရက်   နေ့တွင် ကျင်း ပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မဲပေးရန် မဲပုံးများကိုလည်း ၂ဝ၁ဝ ရွေးကောက်ပွဲတွင် အသုံးပြုခဲ့ သည်များကို ပြန်လည်အသုံးပြု မည်ဖြစ်ကြောင်း၊ မဲရုံနေရာများ အတွက် ကျောင်း၊ လူမနေသေးသည့် တိုက်ခန်း နေရာအပြင် အခြားသင့်တော်မည့် နေရာများ၌ ကျင်းပသွားမည်ဖြစ်ပြီး မဲရုံ တည်ဆောက်မှုကို  ရွေးကောက် ပွဲကျင်း ပရန် ရက်အနည်းငယ် အလိုတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောသည်။

REF : Popularmyanmarnews.com

1 comments:

Burman Managers,Engineers and Scientists said...

ခြင်္သေ့ အမှတ်တဆိပ် ကို သတိထားပါ။ ၈၈၈၈ တုံးက လူသတ်မှုများ ကျူးလွန် အမိန့် ပေးခဲ့သူ စိန်လွင် ဟာ ခြင်္သေ့ ဖြစ် သလို၊ ယခု ခြင်္သေ့ အမှတ်တဆိပ် ပါသူများမှာ သူ့လူများဖြစ်သည်။
http://wunzinminraja.blogspot.sg/

Post a Comment


Popular Posts