'
အမိမြေ

အစိုးရနဲ့ ပြည်သူကို ရန်တိုက်မပေးကြပါနဲ့... ( ပေးစာ ၁၅ )

တက်တစ် ခေါက်ခေါက် ဖြစ် နေပေမယ့်.. နောက်ဆုံးမှ ဖြေသိမ့် နိုင်တာက.. စစ်ရေး နည်းလမ်း နဲ့ သာ ဖြေရှင်း မယ် ဆိုရင်.. Initialization ဖြစ်နေတဲ့ တိုင်းပြည် ရဲ့ အရှိန် သေသွား မှာ စိုးရတယ်.။ တိုင်းပြည်ကို မငဲ့ပဲ တိုက်မယ် ဆိုရင်.. ကုလားမျိုး ပြုတ်တာ ကြာပြီ... ။ အရှေ့တောင် အာရှ မှာ ခြေလျင်တပ်နဲ့ အမြောက်တပ်မှာ မြန်မာက ပြိုင်ဘက် ကင်းပါတယ်.။ တကယ် တမ်း ဆိုရင်လည်း ပေးရမယ့် အရင်းနဲ့ မကာမိလို့ ဒီလို အဆုံးသတ် သွားတာလို့ပဲ ထင်ပါတယ်.။ ဆုံးရှုံး သွားရတာ ပေမယ့်..။ တစ်ဖက် ကြည့်ရင် ဒီ့ထက်မက ရှုံးစရာရှိလို့ လို့ပဲထင်မိပါတယ်.။ ထော်လာဂျီနဲ့ Prado တိုက်ရင်.. ဒဏ်ရာ ပမာဏတူရင် တောင်.. ဆုံးရှုံးမှုပမာဏ မတူနိုင်ပါဘူး..။ ဒီဂရုထဲမှာ အချင်းချင်း တိုက်ခိုက်နေတဲ့ သူတွေများနေတယ်.။ ဆရာကြီးလုပ်တာ မဟုတ်ဘူး.။ ကိုယ်တိုင် ပြောအားရှိလို့ ပြောရဲပါတယ်.။ ကျွန်တော်စစ်သားပါ..။ ကိုယ်ကျင့်သိက္ခာက အစ..၊ စည်းကမ်း အဆုံး မှဲ့တစ်ပေါက် မစွန်းအောင် နေခဲ့တယ်.။ သိပ်ကို တစ်ဖက်သတ်ဆန်တဲ့ အသုံးအနှုန်းတွေ သိပ်မသုံးပါနဲ့.. ကြိုက်တဲ့ဖက်က ယှဉ်ပြိုင်လို့ရတယ်.။ တရားသော နည်းလမ်းဖြင့်ပေါ့..။ လောလောဆယ် တိုင်းပြည် အတက်ဖက်ကို သွားနေချိန်မှာ..။ အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေကို.. ရှင်းဖို့ အချိန်သိပ် မရဘူး..။ လူ့ဘ၀က တိုတိုလေးပါ.။ အကုသိုလ် သိပ်မများနဲ့..၊ အချင်းချင်း အမြင်တွေ ချပြတာ. ပြဿနာမရှိဘူး..။ ပုတ်ခတ်ဖို့ မလုပ်ကြရင် သိပ်ကောင်းမယ်..။ ၀န်ထမ်းတွေထဲမှာ လာဘ်စားတဲ့ သူတွေရှိတယ်..။ ဒါပေမယ့် အားလုံး မဟုတ်ဘူး ..။ ခြုံမပြောနဲ့.. ။ဒါက အနည်းစုပဲ.. ။ ဒီလိုပဲ ပွင့်ပွင့် လင်းလင်း ပြောရင်.. စစ်သားတွေ ထဲမှာလဲ ပေါ်ပင် တွေရှိကောင်း ရှိမယ်.။ ၀ါးလုံးရှည်နဲ့ သိမ်းယမ်းတာမျိုး ကိုဘယ်သူမှ လက်မခံပါ..။ ဒေါက်တာ လှိုင်မြင့်..ရေးထားတဲ့.. ပြည့်သူ့ရန်သူ .. ဘာညာ ဆိုတာ ဖတ်ပြီးတော့ ရီချင်တယ်..။ ရင်လည်းနာတယ်...။ သူ့ရည်ရွယ်ချက်ကို ခန့်မှန်းလို့မရဘူး..။ လူကြီးသားတွေ ကျန်ခဲ့တယ်ပြောတဲ့ သူရှိတယ်. ။ လူကြီးသားတွေမှ.. ပါလာတယ်လို့ ပြောသူရှိတယ်။ သူတို့အချင်းချင်းကို လွဲနေကြတယ်။ ဟိုတစ်နေ့က ရုံးစာအတု တစ်ခု တွေ့တယ်..။ နိုင်ငံခြားရေး ၀န်ကြီးဌာန နာမည်နဲ့.. ဂန်ဘီရ ဆိုတဲ့ဘုန်းကြီး အတုဆီ သွားတွေ့တဲ့ အတွက်.. ဗီဇာကို Black List ထဲထည့်လိုက်တယ် ဘာညာနဲ့..။ တစ်ခုရှိတာက.. Facebook သုံးနေတဲ့ သူတွေက ငတုံးတွေ တစ်ယောက်မှ မပါဘူး.။ စစ်သားတွေ ပိုမှန်မယ်.။ ရုံးပေါင်းစုံကို ရောက်ခဲ့ဖူးတယ်.။ တစ်ချို့ဆိုရင် တပ်တွေမှာ Staff ပိုင်းဆိုင်ရာတွေ ကိုင်ခဲ့ရတယ် ..။ အဲဒီတော့ စာကို မြင်လိုက်က တည်းက . ဒီပုံစံက ရုံးတွေ မှာသုံးတဲ့ပုံလား .။ အင် လား ဆိုတာ တန်းသိတယ်.။ အဲဒီနေ့က ဖောင့်လဲ မတူဘူး.။ alignment တွေကလည်း သောက်တစ် လွဲတွေ
ဖြစ်နေတယ်.. ။ SD ပုံစံလုံး မကျကတည်းက အဲဒါဝန်ကြီးကို တင်တဲ့စာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်တော့ဘူး.။ ပြောချင်တာက . ကိုယ့်ပါတီကို စည်းရုံးကြပါ..။ အစိုးရနဲ့ ပြည်သူကို ဘယ်နည်းနဲ့မှ ရန်တိုက် မပေးကြပါနဲ့..။ သိပ်ကို အောက်တန်း ကျတယ်.။ သေရင် ခွေးတောင် ဖြစ်မှာမဟုတ်ဘူး...။ အောက်မှာ အင်လုပ် ထားတဲ့ပုံကိုပါ တင်ပေးလိုက်တယ်..။

၁။ နိုင်ငံတော်အစိုးရ ရုံးစာတွေက အဲဒီဖောင့်နဲ့ရိုက်လေ့ရိုက်ထမရှိဘူး..။
၂။ staff Duty နဲ့ ညီညွတ်မှုမရှိဘူး.။ ပုံစံမကျဘူး.။ အပေါ်က Header က align ကို အလယ်ပုံစံနဲ့ရိုက်
ထားပြီးတော့. ညာဘက်ကိုကပ်နေတယ်.။တကယ့်ရုံးစာဆိုရင် အဲဒီရုံးကစာရေးလုပ်တဲ့သူ ပြုတ်ပြီ .။
၃။ နောက်တစ်ခုက ရုံးစာတွေမှာ အဲဒီလိုနေရာတွေမှာလိုင်းတားလေ့မရှိဘူး.။ ၄။ရက်စွဲတပ်တဲ့နေရာ
လည်းမှားနေတယ်.။
၅။ မှ ၊ သို့ ၊ စာ အမှတ် ၊ရက်စွဲ ဆိုတာတွေက လည်း လူအထင်ကြီးအောင်လုပ်ထားတာ ပါ.။တ
ကယ်တော့ အဲဒီလိုပုံစံမဟုတ်ဘူး .။

နောက်တစ်ခါ လိမ်ရင် သိအောင် လုပ်ထားပေါ့ဗျာ. ။ မြန်မာနိုင်ငံမှာ အစိုးရအဖွဲ့ ၊ နဲ့ ကာကွယ်ရေး ၀န်ကြီးဌာန အဲဒီနှစ်ခုပဲ ခေါင်းစဉ်ကို အလယ်မှာ ထားခွင့်ရှိတယ် ဆိုတာ ကိုပေါ့.။ ခုလို အလယ်ပုံစံကြီးကို ဘေးကပ်ထားတာ ကျုပ်တို့မြင်တော့ ရီစရာဖြစ်နေတယ်.။

အင်္ဂလိပ်စာကိုလည်း Arial သို့မဟုတ် Times New Roman နဲ့ရိုက်ကြတယ်.။ ဒီကောင်တွေ လိမ်တာ သိပ်သိသာ လွန်းနေတယ်..။ ဘာရည်ရွယ်ချက် လဲ.. တော်လှန်ရေးကြီး အဓွန့်ရှည်အောင်လား..။ အစိုး
ရကိုဆန့်ကျင်ရင်း..  အထောက်အပံ့တွေ ပျက်ကုန်မှာစိုးလို့လား.။ သိပ်ကိုဆိုးတယ်.။ တစ်ခုခုတော့ တစ်ခုခုပဲ.။

 

ရုံးစာအတုပုံပါ.. ။

0 comments:

Post a Comment


Popular Posts