'
အမိမြေ

ရှရှားရောက်လူငယ်တစ်ယောက်စိတ်ဓါတ် ကဗျာ (၂၀၁၂+၂၀ မှာ ငါတို့ မြန်မာ) ( ပေးစာ ၁၆ )

(၂၀၁၂+၂၀ မှာ ငါတို့ မြန်မာ)

သိရဲ့လား ငါတို့ တွေ ကျွန်ဘဝ ရောက်ခဲ့တာ
ငါတို့ တွေ မျက်နှာ ငယ်နေတာ
ငါတို့ တွေ သွေးခွဲခဲ့တာ
ငါတို့ တွေ အိမ်ကြက် ချင်းခွပ် ကြတာ.......
...
သိရဲ့လား ငါတို့ တွေ အနှိမ်ခံ နေရတာ
ငါတို့ မြေသိမ်း ပိုက်ချင် နေတာ
  ယဉ်ကျေးမှု ကို လွမ်းမိုး နေတာ
ပညာရေး အောက်ကျ နေတာ........


သိရဲ့လား ငါတို့  တွေ ပါတီ ကွဲဖဲ့ နေတာ
ငါတို့ တွေ စည်းကမ်း မရှိတာ
ငါတို့ တွေ မကြိုး စားတာ
ဒီခောက် စစ်ပွဲ ဘက်စုံ စစ်ဆိုတာ......


မသိပါ တော့ ပါဖူး ငါတို့ ကျွန်ဘဝ ရောက်ခဲ့တာ
မေ့လိုက်ပေါ့ နှစ်ပေါင်း ၆၀ ကျော်ပြီလေ......


မသိတော့ပါဖူး ငါတို့ မျက်နှာငယ်ရတာ
မစဉ်စားဖူးလေ အချိန်တန် ငပိရည်ကျိုလောက်တမ်းတကြတာကို......


မသိတော့ပါဖူး သွေးခွဲတာ
မေ့လိုက်လို့  ပင်လုံစာချုပ် ငါတို့ တိုက်နေတာ နှစ်ပေါင်း၆၀ကျော်ပေါ့.....


မသိပါဖူး အိမ်ကြက်ချင်းခွပ်ကြတာ
မြို့ လယ်ကြည့်လိုက် ငါတို့ အမျိုးတစ်ယောက်မှမပါဖူး......


မသိပါဖူး အနှိမ်ခံရတာ
သူများနိုင်ငံမှာ ပညာရှင်နဲ့ သွားရမှာကိုကြောက်တာကို......


မသိပါဖူး ငါတို့ မြေသိမ်းပိုက်ချင်တာ
ဟိုမှာစစ်ရေးတွေပြနေတာ မသိကြည့်ကောင်းနေတာကို.....


မသိပါဖူး ငါတို့ ယဉ်ကျေးမှုလွမ်းမိုးတာ
ယောကျီားအီမို မိန်းခလေးတွေ ပေါင်လယ်ဖြတ်ဘီယာခွက်ကိုင်တာ....

မသိပါဖူး ငါတို့ ပညာရေးအောက်ကျတာ
ကျောင်းကိုသွားရင် ဆိုင်ကယ်ဆီဖိုးကားခဖိုး တောင်းဖို့ လောက်သိနေကြတာပါ


မသိပါဖူး ငါတို့ တွေ ပါတီတွေကွဲနေတာ
အချင်းချင်းကွဲ နိုင်ငံခြားသားကိုချွန်မပြီး နင်းတက်ဖို့ ချောင်းကြတာ.....


မသိပါဖူး ငါတို့ တွေ စည်းကမ်းမရှိတာ
အော်ဒီနေရာ အမှိုက်မပစ်ရ ဆိုင်ပုဒ်ထောင်မှပစ်ချင်တာ.......


မသိပါဖူးငါတို့ တွေ မကြိုးစားတာ
ဘယ်မှာလဲ နည်းပညာ စလုံးလောက်ကိုအောက်ကျို့ ရတာ......


မသိပါဖူး ဘက်ဆုံးစစ်ပွဲ
မီဒီယာအားပေါင်းစပ်ထား တပ်ကိုသွေးခွဲရန်တိုက်တာ သွေးကွဲမှ ကျားဆွဲမှာ....


အော်မသိခြင်းများစွာနဲ့ နစ်မွန်းလာကြ
လူတိုင်းခံစားချက်နဲ့ အနာတွေချည်းပါဘဲနားလည်ပေးကြပါဗျာ တစ်ယောက်နဲ့ တစ်ယောက်
ခုအမှန်တိုင်းပြောရင် ဒီတိုင်းပြည်ဒီနိုင်ငံလိုအပ်ချက်တွေကိုဘဲ စဉ်စားစေချင်တယ် နောက်ကြောင်းပြန်ကောက်ပြန်စမဲ့ ရာဇဝင်ဟောင်းတွေ မသိချင်ဖူး တစ်မျိုးမထင်နဲ့နောက်ကြောင်းလှည့်နေရင်းရှေ့ မရောက်မှာကြောက်လွန်းလို့ 


အဲ့တော့
ငါတို့ ကျွန်ဖြစ်ခဲ့ဖူးတယ် မျက်နှာငယ်သွေးခွဲ
အိမ်ကြက်ချင်း ခွပ်နေကြတယ်
တို့ တွေ အနှိမ်ခံခဲ့တယ်......

ငါတို့ မြေလွမ်း ယဉ်ကျေးမှုဖြန့် 
ပညာအောက်ကျ စည်ကမ်းမရှိ
မကြိုးစားခဲ့တာ ငါတို့ ဟာ
ခောတ်သစ် စစ်မှာအခက်တွေ့ မှာ...


ဒီလိုတွေးပြီးခေါင်းထဲထည့်ရင်
၂၀၁၂+၂၀ငါ တို့ မျိုးဆက်နောက်အသစ်မှာ
မြန်မာလူမျိုးတိုင်းရင်ကော့ ကမ္ဘာမှာ မြန်မာဟာ အာရှက ကျားတစ်ကောင်လို
မော်နေရင်ကော့စေချင်တယ်ဗျာ
လူတိုင်းသိပြီး စောစောကလို အချက်တွေ ကိုသိနားလည်းရင် အောက်ကမြန်မာထလာနိုင်မှာပါ။

လေးစားစွာဖြင့်
ဖိုးသားလေး
http://www.facebook.com/

0 comments:

Post a Comment


Popular Posts