ပြီးခဲ့တဲ့လ(၃၁)ရက်နေ့ကKIA တပ်ဖွဲ့ဝင်(၅) ယောက်ဟာ မန်စီမြို့နယ် မန်ဝန်းကြီးကျေးရွာ ရပ်ကွက် (၃) မှာ ဈေးရောင်း တဲ့အလုပ်နဲ့ လုပ်ကိုင် စားသောက်နေတဲ့ မအိရွှေစင်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ပါတယ်။ ဖမ်းဆီးခေါ်ဆောင် သွားရတဲ့အကြောင်း အရင်း ကတော့ မအိရွှေစင်ရဲ့ယောင်္ကျားဖြစ်သူ ဆန်းထွန်းကို လာေ၇ာက် ဖမ်းဆီးတာ ဆန်းထွန်းကို မတွေ့လို့ မိန်းမဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွားကြတာဖြစ်တယ် လို့ပြောပါတယ်။ မန်ဝိုင်းရွာကလူတွေကတော့ KIA ရဲ့အခုလိုလုပ်ရပ်ကို အတော်လေးရွံရှာဆက်စုပ်ပြီးတော့ လုံးဝ မ ကြေနပ် ကြပါဘူး။``ဆန်းထွန်း တို့လင် မယားက အေးအေးချမ်းချမ်းနဲ့ ရိုးရိုးသားသားလုပ် ကိုင်စားသောက် နေတာဘဲ၊ KIA ကဒါသက်သက်မဲ့ယုတ်မာတာ အပြစ်မရှိတဲ့ ပြည်သူတွေကို ဖမ်းဆီးနေတာဟာ လုံးဝ အဓိပါယ်မရှိဘူး၊ အခုလည်းကောင်မလေး ကိုဖမ်းသွား တယ်။ ကောင်မလေးကို မတော်တာတွေလုပ်လိုက်ရင်တော့ ဒုက္ခဘဲ၊ နောက်တစ်ခါလဲဒီလိုလာပြီး ဖမ်းခေါ်သွားရင်ဘယ်လိုလုပ်မလဲ ရွာမှာတောင်နေလို့မဖြစ်တော့ဘူးထင် တယ်`` စတဲ့ KIA ရဲ့လုပ်ရပ်တွေကြောင့် စိုးရိမ်ကြောက်လန့် တကြားပြောဆိုနေ ကြတာတွေလဲ ကြားနေရပါ တယ်။
ဒွန်းမောင်
မန်စီ၊ကချင်ပြည်နယ်
KDN ကိုအခုလို့သတင်းပေးပို့လာတဲ့ ကိုဒွန်းမောင်ကိုကျေးဇူးအထူးတင်ရှိပါတယ်
0 comments:
Post a Comment