ပြည်သူ့လွှတ်တော်၊
တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီသို့ ဒေသအသီးသီးမှ မှန်ကန်ပါလျက်
အဂတိလိုက်စား စီရင်ချက် ချမှတ်ခြင်း ခံခဲ့ရသော နစ်နာသူများထံမှ အမှုဟောင်း
၃၀၀ ကျော် ရောက်ရှိလာသဖြင့် အချက်အလက် ပြည့်စုံခိုင်လုံသော အမှုများကို
ပြန်လည်စိစစ်သွားမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့်
ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောကြားခဲ့သည်။ သူရဦးအောင်ကိုက
“ကော်မတီဖွဲ့စည်းပြီးတဲ့ အချိန်ကစပြီး ကော်မတီကို ဒေသအသီသီးမှ
မှန်ကန်ပါလျက် အဂတိလိုက်စား စီရင်ချက်ချမှတ်ခြင်း ခံခဲ့ရသော
နစ်နာသူများထံမှ အမှုဟောင်းများစွာ ပေးပို့တင်ပြလာခဲ့ ပါတယ်။ အချက်အလက်၊
အထောက်အထား ပြည့်စုံတဲ့ အမှုတွဲ ၆၀ စုံကို ပြန်လည်သုံးသပ် ဆောင်ရွက်နိုင်ရန်
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ညှိနှိုင်းလွှဲပြောင်း ပေးခဲ့ပါတယ်။ ယခု
၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလအတွင်း အလားတူ အမှုဟောင်း ၃၀၀ ကျော်
ထပ်မံရောက်ရှိလာရာ ကော်မတီမှ လေ့လာစိစစ်လျက်ရှိပါတယ်။
အချက်ပြည့်စုံခိုင်လုံသော အမှုတွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်
တရားလွှတ်တော်များသို့ ပြန်လည်စိစစ် ဆောင်ရွက်နိုင်ရန် ဆက်လက်လွှဲပြောင်း
ပေးပို့သွားမှာ ဖြစ်ပါတယ်။ လက်ရှိ ဆောင်ရွက်ချက်အပေါ် မှန်ကန်ပါလျက်နဲ့
အမှုရှုံးခဲ့တဲ့ နစ်နာသူတွေ စိုးရိမ်နေကြတာက လွှဲပြောင်းပေးခဲ့တဲ့
အမှုတွဲတွေအပေါ် တရားလွှတ်တော် အသီးသီးက ၀တ္တရားကျေ ပြန်လည်စိစစ်ပြီးတော့
ပြင်ဆင်ဆုံးဖြတ်ရန် ပြန်ကြားလာမယ် ဆိုရင် ၎င်းတို့အနေနဲ့ အားကိုးစရာ
မရှိတော့တဲ့ အခြေအနေကို ပြန်ရောက်သွားနိုင်တယ်လို့ တင်ပြလာကြပါတယ်။
ပြည်သူ့လွှတ်တော်၊ တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီအနေနဲ့ ယင်းကဲ့သို့
အခြေအနေမျိုး ကြုံတွေ့လာမယ်ဆိုရင် သက်ဆိုင်ရာ ၀န်ကြီးဌာနတွေကတစ်ဆင့်
အမှုဟောင်းပြန်လည် စိစစ်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
သတင်းမီဒီယာအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုနဲ့ ဖြစ်ရပ်မှန်ဖော်ထုတ်
အရေးယူနိုင်ဖို့ ဆောင်ရွက်သွားပါမယ်။ ထိုအဆင့်များနှင့် မအောင်မြင်လျှင်
အမြင့်ဆုံး ကြိုးပမ်းမှုအနေနဲ့ ပြည်သူ့လွှတ်တော်ကို တင်ပြပြီး
ဆောင်ရွက်သွားပါမယ်” ဟု ပြောကြားခဲ့သည်။ လက်ရှိကာလတွင် တည်ဆဲဥပဒေများ၌
ဥပဒေနှင့် မညီညွတ်သော အဂတိလိုက်စားပြီး စီရင်ချက်များကို ချမှတ်သည့်
တရားသူကြီးများကို အရေးယူနိုင်မည့် ဥပဒေမျိုး သတ်သတ်မှတ်မှတ်
ပြဋ္ဌာန်းထားခြင်း မရှိသေးသည့်အတွက် ထိုဥပဒေမျိုး ပြည်သူ့လွှတ်တော်သို့
တင်ပြပြဋ္ဌာန်းနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ “တရားရေးမဏ္ဍိုင်
တိမ်းစောင်းယိမ်းယိုင်နေမှု တွေမှာ တရားသူကြီးများမှာသာ တာဝန်ရှိတာ
မဟုတ်ပါဘူး။ တရားရေး အ၀န်းအ၀ိုင်းမှာ ပါဝင်နေကြတဲ့ ဥပဒေ၀န်ထမ်းများ၊
ရှေ့နေများ၊ တရားလို၊ တရားပြိုင်၊ တရားခံများ၊ တရားရုံး ၀န်ထမ်းများနဲ့
အမှုပွဲစားများ အားလုံးမှာ တာဝန်ရှိပါတယ်။ တရားရေးမဏ္ဍိုင်
တည့်မတ်ခိုင်မာနေဖို့ ပြည်သူလူထုကို တရားဥပဒေစိုးမိုးမှုဖြင့်
ကာကွယ်ပေးနိုင်ဖို့အတွက် မီဒီယာတွေက တရားစီရင်ရေးနှင့် ဥပဒေရေးရာ
ကော်မတီကို ပူးပေါင်းကူညီဖို့ လိုအပ်ပါတယ်။ အရင်က ငွေများတရားနိုင်
ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။ ပြည်သူတွေက သနားဖို့ကောင်းပါတယ်။
အဲဒီအတွက် ဥပဒေနဲ့ မကိုက်ညီဘဲ အဂတိလိုက်စားတယ်လို့ ယူဆလို့ရရင်
တရားသူကြီးတွေကို တရားစွဲ အရေးယူနိုင်မယ့် ဥပဒေ ပေါ်ပေါက်လာဖို့ လွှတ်တော်မှာ
အောင်မြင်အောင် တင်ပြဆွေးနွေးသွားပါမယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင်
ဖော်ပြထားပါသည်
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
8 years ago
0 comments:
Post a Comment