တက္ကသိုလ်ဝင်တန်း
စာမေးပွဲဖြေဆိုမည့်ကာလ နီးကပ်လာသောကြောင့် ည ၁၁ နာရီနောက်ဆုံးထား၍
အင်တာနက်ဆိုင်နှင့် ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ ည ၁၁ နာရီ နောက်ဆုံးထား၍
အင်တာနက်ဆိုင်များအား ပိတ်သိမ်းခိုင်းခြင်းကြောင့် အင်တာနက်ကော်နက်ရှင်
ကောင်းချိန်တွင် ဒေါင်းလုပ်ဆွဲချင်သူများကိုသာ အဓိကထိခိုက်မည်ဖြစ်ကြောင်း
အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “အဓိက ဂိမ်းဆိုင်တွေပါ။
ဒါပေမဲ့ တချို့အင်တာနက်ဆိုင်တွေက ဂိမ်းရော၊ အင်တာနက်ရော တွဲထားတယ်ဆိုတော့
အင်တာနက်ဆိုင်တွေကိုပါ ပိတ်ခိုင်းရတာပါ” ဟု ဦးစီးရဲအရာရှိတစ်ဦးက
ပြောကြားသည်။ အင်တာနက်ဆိုင်များ၊ ဂိမ်းဆိုင်များကို အချိန်ကန့်သတ်၍
ပိတ်ခိုင်းခြင်းအပြင် မိတ္တူကူးဆိုင်များကိုပါ တရားမ၀င်သည့်
စာရွက်စာတမ်းများ ကူးယူခြင်းနှင့် စာမေးပွဲဖြေဆိုရာတွင် မသမာသောနည်းဖြင့်
ဖြေဆိုခြင်းမပြုနိုင်ရန် ချုံ့ထားသည့် စာရွက်များကို ကူးယူခြင်းမပြုရန်
ဒေသဆိုင်ရာ အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆
ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်။
စွဲလန်းမှု နဲ့ မိုင်တိုင် ၃၀
-
******************
' သတ္တဝါတိုင်းကို ကယ်တင်လို့မရဘူး။ အားလုံးက ကံစီမံရာအတိုင်းပဲဖြစ်ရတယ်'
ပန်းဒေါင်းဝထ္ထုထဲမှာ တစ်ဖက်သားကို ကူညီချင်တဲ့ ခင်နွယ်စိုးကို ဦးေ...
8 years ago
0 comments:
Post a Comment