'
အမိမြေ

ရွှေတိဂုံ နှစ် (၂၆၀၀) ပြည့် ပွဲတော်လုံခြုံရေး အထူးကြပ်မတ်မည



ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် ရွှေတိဂုံစေတီတော် နှစ် (၂၆၀၀) ပြည့် ပွဲတော်တွင် လုံခြုံရေး အထူးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ပြောသည်။ အဆိုပါနှစ် (၂၆၀၀) ပြည့် ပွဲတော်ကျင်းပရာ၌ အနယ်နယ် အရပ်ရပ်မှ လာရောက် ဖူးမြော်ကြသည့် ဘုရားဖူး ဧည့်သည်များ၏ လုံခြုံရေးနှင...့် ကျန်းမာရေး ကိစ္စများကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နှင့် ရွှေတိဂုံ စေတီတော်မှ ဝန်ထမ်းများက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ “နှစ် (၂၆၀၀) ပြည့် ပွဲတော်က နီးလာပြီဆိုတော့ အားလုံးပြင်ဆင် ဆောင်ရွက်နေပါတယ်။ အများပြည်သူ ဘေးအန္တရာယ် မဖြစ်ပေါ်ရအောင် လုံခြုံရေးပိုင်းကို အဓိကထား ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့က အထူးကြပ်မတ်ပေးမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းကြိုင်က ပြောသည်။ ယင်းပွဲတော်နေ့တွင် လာရောက်ကြသည့် ဘုရားဖူးများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို တိုင်းကျန်းမာရေး ဦးစီးဌာနနှင့် ကြက်ခြေနီ အဖွဲ့များမှ တာဝန်များခွဲကာ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ရွှေတိဂုံ စေတီတော်ကြီး၏ နှစ် (၂၆၀၀) ပြည့် ပွဲတော်ကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယင်းပွဲတော်ရက်များတွင် ပျော်ပွဲရွှင်ပွဲများ ပြုလုပ်သွားမည် ဖြစ်သော်လည်း ဘုရားလုံခြုံရေးအတွက် ည ၁၀ နာရီတွင် တက်ရောက်ဖူးမြော်ခွင့် ပိတ်မည်ဖြစ်ကြောင်း သိရသည်။ “နှစ် (၂၆၀၀) ပြည့်ပွဲတော်က ကြုံဖို့ခဲယဉ်းတဲ့ ပွဲတော်ဆိုတော့ သွားကိုသွားမှာပါ။ ရန်ကုန်ကရော နယ်ဘက်တွေကပါ ဘုရားဖူးအများကြီး လာကြမှာဆိုတော့ လုံခြုံရေးအပိုင်းပဲ အဓိကစိုးရိမ်တယ်။ အခုက ဘယ်နေရာသွားသွား လုံခြုံမှုမရှိဘူး ဖြစ်နေတယ်။ ရွှေတိဂုံစေတီတော်ကြီးရဲ့ ပွဲတော်ဆိုတော့ အန္တရာယ်ကင်းမှာပါ” ဟု ရွှေတိဂုံ စေတီတော်ကြီးသို့ လာရောက်ဖူးမြော်သူ ဦးတင်ဝင်းကပြောသည်။ ရွှေတိဂုံစေတီတော် နှစ် (၂၆၀၀) ပြည့်ပွဲတော်တွင် ဖေဖော်ဝါရီ ၂ ရက်မှ မတ် ၇ ရက်အထိ ထန်းပင်ကုန်းကွင်း၊ ခေတ္တရာကွင်း၊ အနောက်ကားကွင်းတို့တွင် ဦးရဲဒွေး၊ ဖိုက်စတားအငြိမ့်၊ ရုပ်ရှင်၊ ခြင်းလုံး၊ ရှုမဝအငြိမ့်၊ ဝက်မအငြိမ့်တို့ဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပသွားမည် ဖြစ်သည်။

ဖူးပွင့်သော်

By Yangon Times Journal

0 comments:

Post a Comment


Popular Posts