'
အမိမြေ

လှည်းတန်းဗုံးကွဲ၊ တစ်ဦးသေ တစ်ဦး ဒဏ်ရာရ


 
ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ ရှိ ရန်ကုန်တက္ကသိုလ်ဝင်းနှင့် ကပ်လျက် တည်ရှိသော အများသုံး သန့်စင်ခန်း တစ်ခုအတွင်း ယနေ့ (ဒီဇင်ဘာ ၂၁) နံနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်က ချိန်ကိုက်ဗုံးထောင် ဖောက်ခွဲမှု တစ်ခု ဖြစ်ခဲ့ပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး၊ အမျိုးသား တစ်ဦး အပြင်းအထန် ဒဏ်ရာရရှိထားတယ်လို့ ရဲတပ်ဖွဲ့မှ အတည်ပြု ပြောဆိုပါတယ်။ မပေါက်ကွဲသေးပဲ ကျန်ရှိနေသော ဗုံးတစ်လုံးကိုလည်း တပ်မတော် က လာရောက် ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပြီး ဆက်လက်ရှာဖွေ ရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။ ထိုသန့်စင်ခန်းမှာ တက္ကသိုလ်ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ ရန်ကုန်တက္ကသိုလ်ဧရိယာအတွင်း မကြာသေးမီကမှ ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

ဗုံးပေါက်ကွဲရာနေရာသို့ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ တပ်မတော် အင်ဂျင်နီယာ တပ်ရင်းမှ အသေခံ မိုင်းရှာ ရဲဘော် များ စုစုပေါင်း အင်အား ၁၀၀ ကျော် ရောက်ရှိနေကြပြီး ဒဏ်ရာရရှိခဲ့သော သန့်ရှင်းရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်းလည်း သတင်းရရှိရပါတယ်။

လောလောဆယ် အင်းလျားလမ်းထောင့်ကနေ ကားလမ်းတွေကို ပိတ်ထားပါတယ်။ ရဲတပ်ဖွဲမှ တရားခံကို ခြေရာခံနိုင်ဖို့ကြိုးစားနေပြီး တပ်မတော် မှလည်း မိုင်းရှင်းလင်းရေးလုပ်ငန်းများကို အသေခံမိုင်းရှာ ရဲဘော်များနဲ့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


သေဆုံးသူ အမျိုးသမီး
ပေါက်ကွဲမှုဖြစ်ပွားရာ အများသုံးအိမ်သာ

လည်းတန်း လမ်းဆုံ
ကြက်ခြေနီ၊ ပြည်သူ့ရဲ၊ အရန်မီးသတ်နှင့် တပ်မတော် သားများ အလျှင်အမြန်ရောက်ရှိလာ
ထူးခြားရင် ဝိုင်းအုံတတ်တဲ့ ရန်ကုန် လူထု
မီးသတ်ကားများ အသင့်စောင့်ဆိုင်းနေ

ဗုံးအမျိုးအစားနဲ့ တရားခံကို သိရှိနိုင်ဖို့ ကြိုးစား


အသေခံပြီး ဗုံးရှာနေသူ တပ်မတော်သားတစ်ဦး
အိမ်သာအတွင်း မြင်ကွင်း
အရာရှိကြီးများလည်း ရောက်လာ
                                      တပ်မတော်မှ မပေါက်သေးတဲ့ ဗုံးတစ်လုံးကို ရှင်းလင်းနိုင်ခဲ့

Ref : http://www.myanmarexpress.net/

0 comments:

Post a Comment


Popular Posts