'
အမိမြေ

အမိန့် ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့တွင် အလုပ်သမား အဖွဲ့အစည်း ဥပဒေ စတင် အာဏာတည်မည်


 


ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ပုဒ်မ ၂၄ နှင့်အညီ အလုပ်သမားများရဲ့ အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရန် ၊ အလုပ်သမား အချင်းချင်း အလုပ် ရှင်နှင့် အလုပ်သမားများ အကြား ဆက် ဆံရေး ကောင်းမွန်စေဖို့နဲ့ အလုပ်သမား အဖွဲ့အစည်း များကို စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်း ဆောင် ရွက်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က အလုပ်သမား ဥပဒေကို ပြဌာန်းလိုက်တာ ဖြစ်ပါတယ်။



ဒီလို ပြဌာန်းလိုက်တဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေဟာ နိုင်ငံတော် သမ္မတက အမိန့် ကြော်ငြာစာဖြင့် 
သတ်မှတ်တဲ့ နေ့ရက်မှာ စတင် အာဏာတည်မှာ ဖြစ်တယ်လို့ အလုပ်သမား ၀န်ကြီး ဌာနမှ တာ ၀န်ယူသူ တစ်ဦး ပြောကြားချက် အရ သိရပါတယ်။ ဒီလို ပြဌာန်း လိုက်တဲ့ အလုပ်သမား အဖွဲ့အစည်း ဥပဒေကို လက်ရှိ လုပ် ငန်းဆောင်ရွက်နေတဲ့ အလုပ်ရှင်များနဲ့ အလုပ်သမား များ သိရှိ နားလည် သဘောပေါက်မှသာ အဆိုပါ ဥပဒေဟာ ပိုမို မြင်သာ လာမှာ ဖြစ်ပါတယ်။ အဆိုပါ ဥပဒေမှာ အများပြည်သူ ဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းများနှင့် အများပြည်သူနဲ့ မသက်ဆိုင်တဲ့ ၀န်ဆောင်မှု လုပ်ငန်းများပါ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အဲ့ဒီ အများပြည်သူဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်း ဆိုတာကတော့ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်း ၊ ဆိပ်ကမ်း လုပ်ငန်းနဲ့ ကုန်တင် ကုန်ချ လုပ်ငန်း ၊ စာတိုက် ၊ ဖက်စ်လုပ်ငန်း ၊ သတင်း အချက် အလက်နှင့် ဆက်သွယ်ရေး နည်းပ ညာဆိုင်ရာ လုပ်ငန်း ၊ ရေနံ ထွက် ပစ္စည်း ဖြန့်ဖြူးခြင်း လုပ်ငန်း ၊ လျှပ်စစ်ဓါတ်အား ငွေကြေး ၀န်ဆောင်မှုနဲ့ ပြည်ထောင်စု အစိုးရက အများပြည်သူဆိုင်ရာ ၀န်ဆောင်မှု လုပ်ငန်းဟု အခါအား လျော်စွာ သတ်မှတ်တဲ့ လုပ်ငန်းများ ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ လုပ်ငန်း ဆောင်ရွက်နေတဲ့ အလုပ်ရှင်များ ၊ အလုပ်သမားများက အဆိုပါ အလုပ် အဖွဲ့အစည်း ဖွဲ့စည်းမယ် ဆိုပါ ဥပဒေပါ ပြဌာန်းချက်များကို သိရှိအောင် စက်ရုံများသို့ လိုက်လံရှင်းလင်း ပြောကြား ပေးသွားမှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

 Ref : http://www.mrtv4.net.mm/

0 comments:

Post a Comment


Popular Posts