'
အမိမြေ

KIA ရဲ့ အဓိက စခန်းကြီးတွေဖြစ်တဲ့ အောင်ဂျာ(ရင်း-၃)| စံပိုင် စခန်းကြီးတွေနဲ့ ရင်း(၂၅)လွယ်ဂျယ် တို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီးဖြစ်


ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့ အဓိက စခန်းကြီးတွေဖြစ်တဲ့ အောင်ဂျာ(ရင်း-၃)| စံပိုင် စခန်းကြီးတွေနဲ့ ရင်း(၂၅)လွယ်ဂျယ် တို့ကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီးဖြစ် တယ်လို့သိရပါတယ်။ ယင်းစခန်းတွေနဲ့အတူ KIA ကိုင်ဆောင်သော လက်နက်တွေဖြစ်တဲ့ တရုတ် စက်လက်၊ 57(ဖိုက်ဆဲလ်ဗင်း)တိုက်ရိုက်ပစ်နောက်ပွင့်လက်နက်ကြီး၊ 79(40mm)လေကွဲ၊ထိကွဲ၊ 21(တွမ်တိဝမ်း)၊ 22(တွမ်တိတူး)စသော လက်နက်များကို တပ်မတော်မှ သိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့ သိရပါတယ်။

KIA အသုံးပြုသော လက်နက်များကို မြန်မာ့တပ်မတော်သားများအားလုံးက လက်နက်နာမည်၊ လက်နက်အမျိုးအစား၊ ထုတ်လုပ်သည့်နိုင်ငံ သာမက မည်သို့ကိုင်တွယ်ပစ်ခက်ရသည်ကိုပါ သိရှိကြပြီးဖြစ် ကြောင်းနဲ့ KIA က တော့ မြန်မာ့တပ်မတော်သုံး လက်နက်ငယ် လက်နက်ကြီးများကို နာမည်လည်းမသိ၊ အမျိုးအစားလည်း အသိဖြစ်နေကြပြီး ၎င်းတို့လက်နက်နဲ့ မတူတဲ့ ထူးခြားနေတဲ့ လက်နက်အားလုံးကို ဓာတုလက်နက်လို့ ထင်နေကြကြောင်းကို ၃၁၈ မှ တပ်သားသစ် တစ်ဦးက အခုလိုပြောပြပါတယ်

"သူတို့သုံးနေတဲ့ လက်နက်တွေကို အသံကြားတာနဲ့ ကျွန်တော်တို့က သိပါတယ်.. ဒါက ဘယ်လက်နက်နဲ့ ပစ်တဲ့အသံ... ဘယ်နိုင်ငံထုတ်.. ဘယ်လောက်ရောက်တယ်.. ဘယ်လိုပစ်ရတယ် က စ ပြီး ကျွန်တော်တို့ အားလုံးက သိကြတယ်.. ဒါပေမယ့် သူတို့က ဘာမှ မသိကြဘူး.. သူတို့ သေနက်နဲ့ မတူတဲ့ လက်နက်တွေ တွေ့တာနဲ့ နူကလီးယား လက်နက်လိုလို၊ ဓာတုလက်နက်လိုလို ထင်ကြတယ်...." လို့ ဆိုပါတယ်။

ဒါ့အပြင် KIA အရာရှိတွေကစပြီး ပြင်ပဗဟုသုတနဲ့ အသိပညာ အရမ်းနည်းကြောင်းကို အဲဒီ မြန်မာ့တပ်မတော်က တပ်သားသစ်ကပဲ ဆက်ပြောပါတယ် "KIA ရဲ့ အဓိက အားနည်းချက်က ဘာလဲဆိုတော့.. သူတို့ခေါင်းဆောင်တွေက ဘာမှ သင်မပေးထားခြင်းပဲဗျ.. တော်တော် အဆင့်မြင့်တဲ့ KIA အရာရှိတွေကစပြီး ဘာမှ မသိကြဘူး.. KIA အဖွဲ့ဝင်အားလုံးကို ဂွမ်ချောင်၊ ဂွမ်မော် တို့က ဒီလိုလာရင်၊ ဒီလိုပစ်ရတယ် ဆိုပြီးပဲ သင်ပေးထားတာ.. ဒီကောင်တွေ ခေါင်းထဲမှာ အထက်က ကျွေးတာစားမယ်၊ ပေးတာယူမယ်၊ တံတားကို မိုင်းခွဲခိုင်းရင်ခွဲမယ်၊ လမ်းကို မိုင်းထောင်ခိုင်းရင်ထောင်မယ်၊ စစ်သားတွေ့ရင် ပစ်မယ်... ဒါပဲ သိကြတာ.. ဒီကောင်တွေခေါင်းက တိရစ္ဆာန်တွေလိုပဲ... အထက်ကလည်း အဲ့လိုပုံစံဖြစ်အောင် သေချာ သွင်းပေးထားတာဗျ.. " လို့ဆိုပါတယ်။

အခုနောက်ပိုင်း အဓိက စခန်းကြီးတွေ ကျအပြီးမှာတော့ KIA အချင်းချင်း စိတ်ဝမ်းကွဲနေပြီး စည်းလုံးမှုပျက်ပြားနေပြီလို့သိရပါတယ်။ ကျောင်းပညာ သင်ကြားနေကြသော မြစ်ကြီးနား နဲ့ အခြားသော မြို့များရှိ KIA ရဲ့ သားသမီးများမှာ သူတို့မိဘများနဲ့ အဆက်သွယ်ပျက်နေသောကြောင့် ငွေ\ရိက္ခာ စသည်တို့က မိဘများမှ မထောက်ပံ့နိုင်သောကြောင့် အခက်တွေ့နေပြီး မြို့ကျောင်းများတွင် သားသမီးရှိသော KIA များမှာ ဒုက္ခရောက်နေပြီး KIA အချင်းချင်း ငြိုငြင် မတည့်မှုများဖြစ်လာကြပါတယ်။

KIA အောက်ခြေရဲဘော်များဟာ မိသားစုများနဲ့ အဆက်အသွယ်ပျက်နေခြင်း၊ ဆောင်းတွင်းရောက်လာချိန်ဖြစ်တာကြောင့် အအေးဒဏ်ကို မခံနိုင်ခြင်း၊ ဆက်တိုက်ဆိုသလို အရှုံးတွေနဲ့ ရင်ဆိုင်လာရပြီး အကျအဆုံး အလွန်များလာခြင်း တွေကြောင့် အထက်က ခိုင်းတာတွေကို ကြည်ကြည်ဖြူဖြူလုပ်နေသူ မရှိသလောက် နည်းနေပြီဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့်လည်း အင်တာနက်ပေါ်က သတင်းတွေမှာတော့ ခုချိန်ထိ မြန်မာ စစ်သား ၃ ရာ၊ ၄ ရာ ကျဆုံးတယ်ဆိုတဲ့ အဓိပ္ပါယ်မရှိတဲ့ ကောလဟာလတွေ ဖြန့်နေကြဆဲ တွေ့နေရတုန်းပါ။

စွန်ရဲ

0 comments:

Post a Comment


Popular Posts