'
အမိမြေ

လူမျိုးရေးခွဲခြားမှုနှင့် ဒုက္ခသည်များ

 
ဒီဇင်ဘာလ ၁၉ရက်နေ့ နေ့လည် ၁၂နာရီအချိန်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်ပုံကွမ်  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခက်ထိန်နန် နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဦးဇခုန်ယိန်ဆောင် တို့ဟာ မြစ်ကြီးနားကနေ မော်တော်ယာဉ်တွေနဲ့ ထွက်ခွာလာပြီး ၀ိုင်းမော်မြို့ ကန်ပိုက်တီး အနီး စင်ကြိုင်ရွာမှာရှိတဲ့  လက်ဘက်ခြံ တည်းခိုရေးစခန်းကို ရောက်ရှိပြီး ၄င်းတည်းခိုရေးစခန်းမှာရှိတဲ့ စစ်ပြေး ဒုက္ခသည် တွေကို တွေ့ဆုံခဲ့ပါတယ်။
 
အဲ့ဒီလိုတွေ့ဆုံတဲ့အခါမှာ အစိုးရနဲ့ ကေအိုင်အေတို့ ငြိမ်းချမ်းရေးဆွေးနွေးနေမှုတွေကို ရှင်းလင်းပြောကြားခဲ့ပြီ: စခန်းမှာရှိတဲ့ မိသားစုဝင်တွေအတွက် ငွေကျပ်၅၇သိန်း နဲ့ အ၀တ်အထည်များကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခေါချန်းထံမှာ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။

ထောက်ပံ့မှုတွေပေးအပ်တဲ့အခါမှာ  လချိတ်၊ ရ၀မ်၊ လီဆူး ..အစရှိတဲ့ လူမျိုးစုများကိုသာပေးအပ်ခဲ့ပြီး ဂျိမ်းဖောလူမျိုးများကိုထောက်ပံ့မှုမရှိကြောင်းသိရှိရပါတယ်။ လွှတ်တော်အမတ်ကြီးများက ဒုက္ခသည်ချင်းအတူတူ ဂျိမ်းဖောလူမျိုးတွေကို ဘာလို့မထောက်ပံ့ရလဲဆိုတာတော့ စဉ်းစားစရာရှိလာပါတယ်။ ဒီလိုခွဲခြား ထောက်ပံ့မှုတွေဟာ ကေအိုင်အေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် နဲ့ပက်သက်ပြီး နာကျည်းစရာများ ရှိနေသလားဆိုတာတွေးစရာပါပဲ။
ဂမ်ရှောင်က ဂျိမ်းဖောလူမျိုး ဖြစ်ပြီး တပ်မဟာ၂ တပ်ရင်း၆ တပ်ရင်းမှူးဘ၀မှာ ဖားကန့်မှော်ကိုအုပ်ချုပ်ခွင့်ရတဲ့ အာဏာအရှိဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲ့ဒီအချိန်ကာလ ဖားကန့်မှော်မှာ ဘိန်းရောင်းဝယ်မှု၊ ဆက်ကြေးကောက်ခံမှုတွေရှိနေပါတယ်။ ဒါနဲ့ ပက်သက်လို့ အမေရိကန်က ကေအိုင်အို ဟာ မူးယစ်ဆေးဝါး လုပ်ငန်းမှာ ပါတယ်ဆိုပြီး ပြောလာခဲ့ပါတယ်။ ဂမ်ရှောင်ဟာ ဖားကန့်နယ်က ဘိန်းအရောင်း အ၀ယ်တွေမှာ KIA ရဲ့ပက်သက်မှုတွေပေါ်မှာစိုးလို့ နှုတ်ပိတ်တဲ့ အနေနဲ့ သူနဲ့ ပတ်သက်ခဲ့တဲ့ လူတွေကို ဖမ်းပြီး စပေါ့ချောင်းဘေးမှာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါတယ်။ လက်ဝါးကပ်တိုင်လို လုပ်ထားတဲ့ ကားစင်တွေမှာ ကြိုးနဲ့ချည်ပြီး သေနတ်နဲ့ ကေအိုင်အေ ရဲဘော်တွေက ပစ်သတ် လက်စဖြောက်ခဲ့တယ်ဆိုတာ မျက်မြင်သက်သေတွေ ယနေ့ထိရှိဆဲပါပဲ။
အဲ့ဒီဖြစ်စဉ်အပါအ၀င် KIA က လူမျိုးရေးခွဲခြားပြီး ကချင်ပြည်နယ်အတွင်းက လူမျိုးစုငယ်များအပေါ် အနိုင်ကျင့်ရက်စက်မှုများကို ရ၀မ်၊လချိတ်လူမျိုးများက ကျေနပ်မှုမရှိကြပါဘူး။ KIA တပ်များ အနေနဲ့ကလည်း ဂျိန်းဖောလူမျိုးတွေက လွဲပြီး ကျန်လူမျိုးများကို သတ်ဖြတ်ရန် ကြိုးစားလာတယ်ဆိုတာ  ယခင်နှစ် စက်တင်ဘာလ ဖြစ်စဉ်ကသက်သေပြနေပါတယ်။ ရ၀မ်လူမျိုးတွေ နေထိုင်တဲ့ ခေါင်လန်ဖူးရွာကို မီးရှို့ပြီး ရွာသား ဦးကို သတ်ဖြတ်ကာ ရွာလုံးကျွတ်မီးရှို့ခဲ့တယ်။ 
ဒါကြောင့်လည်း KIA  ကြောင့် ဖြစ်နေတဲ့ စစ်ပွဲတွေမှာ ဒုက္ခသည်ဖြစ်နေရတဲ့ ကချင်လူမျိုးချင်းအတူတူ လချိတ်လွှတ်တော်အမတ်မင်းများက သူတို့မျိုးနွယ်စုကိုပဲ ထောက်ပံ့ပေးနေတာ သိသာထင်ရှားကြောင်း တရုတ်-မြန်မာ စစ်ရေးအကဲခတ်များက ဝေဖန်ပြောကြား လျှက်ရှိပါတယ်။
 

0 comments:

Post a Comment


Popular Posts