'
အမိမြေ

မီတာခနှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း လျှပ်စစ်(၂)ပြည်ထောင်စုဝန်ကြီး ပြောကြား

စောမြင့်သန်း(ပေါက်တော)
ရန်ကုန်၊ လျှပ်စစ်ဓာတ်အားသုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ထုတ်ဖော်   ပြောကြားလိုက်သည်။
လျှပ်စစ်မီးသုံးစွဲလျက်ရှိသော ပြည်သူများ အနေဖြင့် ၂၀၁၂ခုနှစ် ဇန်န၀ါရီလဆန်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲခနှုန်းထားကို ယခင် ပေးဆောင်ရသည့် (အိမ်သုံး) တစ်ယူနစ်လျှင် ၂၅ကျပ်၊ (လုပ်ငန်း)သုံး ၅၀ကျပ်ထိကို တိုးမြှင့် ကောက်ခံသွားမည်ဟု ထွက်ပေါ်လျက်ရှိသည်။
ယင်းနှင့်ပတ်သက်၍ ပြည်ထောင်စုဝန် ကြီးက ]]နိုင်ငံတော်အကြီးအကဲတွေက တစ်ခါ တည်းဆောင့်မတက်လိုက်နဲ့ ဖြစ်သင့်ဖြစ်ထိုက် တာလုပ်ပါလို့ပြောပါတယ်။ ဒါလေးကိုတော့ ကျွန်တော် ပြန်တွက်ချက်ပြီးတော့လုပ်နေပါ တယ်။ ဒီတစ်ယူနစ် ကျပ်၅၀၊ ၁၀၀နှုန်းကတော့ ၂၀၁၃ခုနှစ် ဟိုဘက် ဘတ်ဂျက်ရောက်ရင်တော့ ဖြစ်သွားနိုင်ပါတယ်။ လာမယ့်နှစ်ဆန်းပိုင်းမှာ တက်တော့ တက်မယ်။ ဒါပေမဲ့ တက်မယ့်ဈေး နှုန်းက ဒီလောက်ဖြစ်ချင်မှဖြစ်မယ်။ တစ်ခါ တည်းတော့ ခုန်မတက်ပါဘူး။ ၂၀၁၂ခုနှစ်မှာ နှစ်ဆထိတော့မတက်ပါဘူး။ ဒါပေမဲ့ အစမ်း သဘောတော့တက်မယ်။ တစ်ခုတော့လုပ်ပါ မယ်။ ဒါကတော့ ကျွန်တော်တို့သေချာတွက် ချက်ပြီးဆုံးဖြတ်ပါဦးမယ်။ အိမ်သုံးမီတာဆိုရင် ၂၅နဲ့၅၀ကြားမှာ တစ်ခုတော့ဖြစ်မယ်။ စက်မှု လက်မှုလဲ ၁၀၀ဖြစ်ချင်မှလဲဖြစ်မယ်။ ဒါပေမဲ့ နှစ်ဆတော့မဟုတ်ပါဘူး}}ဟု ထုတ်ဖော်ပြော ကြားသည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန စတင်ပေါ်ပေါက်လာသည့် ၂၀၀၆-၂၀၀၇ခုနှစ် မှ ၂၀၁၀-၂၀၁၁ခုနှစ် ငါးနှစ်တာကာလအတွင်း အဆိုပါဝန်ကြီးဌာနအနေဖြင့် ၀င်ငွေမှာ ကန် ဒေါ်လာ၆၉သန်း၊ မြန်မာငွေကျပ်၁၄၂၈ဘီလီယံ ရရှိခဲ့သော်လည်း ယင်းငါးနှစ်တာကာလအတွင်း ပြန်လည်သုံးစွဲခဲ့ရသည့် ကန်ဒေါ်လာ သန်း ၇၃၀အပါအ၀င် မြန်မာငွေကျပ်၁၄၆၈ဘီလီယံ သုံးစွဲခဲ့ရကြောင်း သိရသည်။
]]ဒါကိုကြည့်ရင် ကျွန်တော်တို့မှာ ၀င်ငွေ ထွက်ငွေလုံးဝမညီမျှပါဘူး။ ဥပမာပြောရရင် ကန်ဒေါ်လာဘီလီယံ ၇၀၀ကျော်ကို ဘာတွေ သုံးစွဲခဲ့ရသလဲဆိုရင် ကျွန်တော်မှာအများကြီး ရှိပါတယ်။ ဥပမာ အကြီးဆုံးတစ်ခုပြောရရင် ရွှေလီရေအားလျှပ်စစ်စက်ရုံကြီး၊ အဲဒီလျှပ်စစ် စက်ရုံကြီးကထွက်တဲ့ဓာတ်အားကို မန္တလေး ရောက်အောင်သယ်ရပါတယ်။ အဲဒီတော့ မဟာ ဓာတ်အားလိုင်းကြီးတွေကို မိုင်၁၈၀လောက် ဆောက်ရပါတယ်။ အဲဒါမျိုးတွေ။ ဒါနဲ့ဆက်စပ် တဲ့ပစ္စည်းအားလုံးကို နိုင်ငံခြားငွေနဲ့ဝယ်ရတာ ဖြစ်ပါတယ်။ ဒီလိုမျိုး တခြားရဲရွာ-ကျိုင်းတောင် စသည်ဖြင့်ပေါ့။ အခုဆိုရင် အလုံမှာဆောက် နေတဲ့ဓာတ်အားခွဲရုံကြီးတွေ ဒါမျိုးတွေ အများ ကြီးဆောက်ရတဲ့အတွက် ဒါတွေကို သန်းပေါင်း မြောက်မြားစွာ အကုန်ကျခံတည်ဆောက်ရပါ တယ်။ ဓာတ်အားခတိုးမြှင့်ရေးကိစ္စနဲ့ပတ်သက် ပြီး လျှပ်စစ်ဓာတ်အားကို နိုင်ငံတော်ကအရှုံး ခံပြီး ပေးနေရတယ်ဆိုတာ အားလုံးအသိဖြစ် ပါတယ်။ လွှတ်တော်မှာလဲ ကိုယ်စားလှယ်တွေ က ဒေသလိုအပ်ချက်တွေကို တောင်းခံနေပါ တယ်။ တောင်းတာများတဲ့အတွက် နိုင်ငံတော် အနေနဲ့ ဆောင်ရွက်ဆဲဖြစ်တဲ့စီမံကိန်းတွေကို ရပ်ဆိုင်းလို့မရပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်နေတဲ့အတွက် လက်ရှိမီတာဆိုရင်လဲ နိုင်ငံတကာနဲ့ယှဉ်ရင် အများကြီးသက်သာစွာ ကောက်ခံနေပါတယ်}}ဟု ပြည်ထောင်စုဝန်ကြီး က ဆက်လက်ပြောကြားသည်။
 ယခုအခါ ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီးသုံးစွဲလျက်ရှိသော ဒေသခံပြည်သူ များအနေဖြင့် လက်ရှိပေးဆောင်နေရသော လျှပ်စစ်မီတာခကို ယခင် အိမ်သုံးတစ်ယူနစ် လျှင် ၂၅ကျပ်မှကျပ်၅၀ကို ၂၀၁၂ခုနှစ် ဇန်န၀ါရီ လဆန်းမှစ၍ တိုးမြှင့်ကောက်ခံသွားမည်ဟု ထွက်ပေါ်နေသောသတင်းကြောင့် အများစု မှာစိုးရိမ်မကင်းဖြစ်နေကြကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ]]နိုင်ငံတော်သမ္မတ ကြီးကိုယ်တိုင် ဦးစီးပြီးလုပ်နေတဲ့စီမံကိန်းတစ်ခု ကိုကြားရတဲ့အတွက် ၀မ်းသာရပါတယ်။ အဲဒါ ကတော့ ဆင်းရဲမွဲတေမှုလျှော့ချရေးဆိုတာပါ။ ဒါက တကယ်လဲလုပ်ရမယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာက အခြေခံလူတန်းစားကများ နေသေးတာဆိုတော့ ဒီလူတန်းစားကွာဟမှုကို တော့ ကျဉ်းမြောင်အောင်လုပ်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်နေတဲ့အချိန်မှာ လျှပ်စစ်မီတာ နှစ်ဆတက်မယ်ဆိုတော့ ကျွန်မအရမ်းစိတ်ပူ သွားတယ်။ အိမ်မှာဆိုရင် မီတာခကို တစ်လ ကျပ်၈၀၀၀ဆောင်ရတယ်။ နှစ်ဆဆိုတော့ ကျပ် ၁၆၀၀၀ကျော်ဆောင်ရတော့မယ်။ မီတာတက် တာကတော့ သတ်မှတ်လိုက်ပြီဆိုတာနဲ့ အများ နည်းတူပေးကိုပေးရတော့မှာ မပေးရင်မသုံးနဲ့ ပေါ့။ မသုံးလို့လဲရမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီ နေရာမှာ ပြည်သူဘက်လဲပြန်ကြည့်သင့်ပါတယ်။ လျှပ်စစ်ဓာတ်အားပေးရေးဌာနအနေနဲ့ ၀င်ငွေ ထွက်ငွေမမျှတသလို ပြည်သူတွေမှာလဲ ၀င်ငွေ၊ ထွက်ငွေဆိုတာရှိတဲ့အတွက် ကျွန်မလိုပဲ တခြား လူတွေလဲ အခက်အခဲတစ်ခုဖြစ်လာမှာသေချာ ပါတယ်}}ဟု အင်းစိန်မြို့နယ်နေ ဒေါ်မာလာ က ပြောသည်။
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် မြန်မာနိုင်ငံကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးဝေရာတွင် နှစ်စဉ် ၂၄၉ဘီလီယံအရှုံး ခံပြီးပေးဝေနေရကြောင်း၊ နိုင်ငံတကာနှင့်နှိုင်း ယှဉ်ပါက မြန်မာနိုင်ငံ၏လျှပ်စစ်ဓာတ်အားပေး နှုန်းများကို တစ်ယူနစ်လျှင် ခြောက်ဆင့်နှင့်ရှစ် ဆင့်ကြား၏တွင်ရှိပြီး အိမ်နီးချင်းနိုင်ငံများဖြစ် သည့် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံများ တွင် တစ်ယူနစ်ကို ၁၀ဆင့်မှ၁၆ဆင့်အထိပေး ဆောင်နေရကြောင်း သိရသည်။ 


Ref : http://www.theyangontimes.com/

0 comments:

Post a Comment


Popular Posts