'
အမိမြေ

မှတ်ပုံတင်မည့် NLDပါတီ ပခေါင်းဆောင်နှင့် ဒုခေါင်းဆောင် အဖြစ် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည် တို့အား ရွေးချယ်



အသစ်ပြန်လည်ဖွဲ့စည်း၍ တရားဝင်မှတ်ပုံတင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပခေါင်းဆောင်နှင့် ဒုခေါင်းဆောင် အဖြစ် ဦးတင်ဦးနှင့်ဒေါ်အောင် ဆန်းစုကြည်တို့အား ဒီဇင်ဘာလ (၁၉) ရက်နေ့က ကျင်းပပြုလုပ် သော ပါတီတည်ထောင်လိုသူ (၂၁)  ဦး အစည်းအဝေးက ရွေးချယ်ဆုံး ဖြတ်ခဲ့ကြောင်း NLDပါတီပြော ရေးဆိုခွင့်ရှိသူဦးဉဏ်ဝင်းကပြော သည်။
““ဒီနေ့ ၂၁ ဦး အစည်းအဝေး ကနေ ပခေါင်းဆောင်အဖြစ်ဦးတင်ဦး ဒုခေါင်းဆောင်အဖြစ်ဒေါ်အောင် ဆန်းစုကြည်တို့ကို ရွေးချယ်လိုက် ပါတယ်””ဟု ဦးဉဏ်ဝင်းကပြော သည်။
ယခုခေါင်းဆောင် ဒုခေါင်း ဆောင်ရွေးချယ်မှုသည် ပါတီတည် ထောင်ရေးနှင့် ပတ်သက်၍ဦးဆောင်  ဆောင်ရွက်ရန်ဖြစ်ပြီး ပါတီဥက်္ကဋ္ဌ၊ ဒုဥက်္ကဋ္ဌအဖြစ်ရွေးချယ်ခြင်းမဟုတ် သေးကြောင်း သိရသည်။ ယခု ပြုလုပ်ခဲ့သော ၂၁ ဦးအစည်းအဝေး မှ ပါတီမှတ်ပုံတင်ရေးကိစ်္စ၊ ပါတီ ဖွဲ့စည်းပုံ၊ ပါတီမူဝါဒများကိုလည်း အတည်ပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။
NLDပါတီကို ယခုလ (၁၂)  ရက်နေ့က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဦးတင်ဦး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်  ပြည်နယ်နှင့် တိုင်းဒေသကြီးအစုံ မှ ပါတီတည်ထောင်လိုသူ ၂၁ ဦး ၏ ပါတီတည်ထောင်လိုကြောင်း လျှောက်ထားချက်ကို ပြည်ထောင်  စုရွေးကောက်ပွဲကော်မရှင်က ခွင့် ပြုခဲ့ပြီးဖြစ်သည်။ NLDပါတီသည်  လာမည့်ကြားဖြတ်ရွေးကောက်ပွဲ တွင် မှတ်ပုံတင်ပြီးနောက်ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လတ်တ လောတွင် မဲဆန်္ဒနယ်များ သတ်မှတ်ထုတ်ပြန်ခြင်းမရှိသေး သော်လည်း အတတ်နိုင်ဆုံးလစ် လပ်မဲဆန်္ဒနယ်အားလုံးတွင် ၀င် ရောက်ယှဉ်ပြိုင်သွားမည်ဟု ပါတီ မှတ်ပုံတင်ရေး၊ ရွေးကောက်ပွဲဝင် ရေးဗဟိုဦးစီး (CEC) အစည်းအဝေး  တွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။

Ref : http://www.hotnewsweekly.com/

0 comments:

Post a Comment


Popular Posts