'
အမိမြေ

ဒို့ စစ်သားနဲ့ ပြည်သူ

အော်ဝမ်းနည်းစရာ စာကြောင်း မရည်ရွယ် တွေ့ ရှိခဲ့တယ်
ဘာရယ်ပြောရမရအောင် ရင်ဝယ် ဆို့ နင့် ကြေကွဲခဲ့တယ်...

အော်သူငယ်ချင်းရယ် မင်းပြောသလို ငါတို့ ရဲဘော်တွေ ကျဆုံးနေတာကို
ဘယ်သူဝမ်းနည်းမနေဘဲနေမည်နည်း ပြည်သူ့ အကျိုးသာရှေ့ ရူတော့မဲ့
 တို့ နိုင်ငံစစ်သားတွေအနေနဲ့ မှန်နိုင်သလားကွယ်...

မသိလို့ နားလည်ပေးပါတယ် ဒီကနေဘဲရှင်းပြလိုက်ပ့ါမယ် စစ်သားဘဝမှာ
အထက်ဆိုတာကိုအမိန့် နာခံမူနဲ့ အတူ လေးစားရတာပါ....

တို့ နိုင်ငံစစ်သား ချောကလက်ရမှ စစ်တိုက်ရဲတာ မဟုတ်ပါဘူးကွာ
မနှပ်တနှပ် ထမင်းတစ်နပ်နဲ့  ပဲရည်ကျဲကို မဝတမယ်စား တိုက်နေတာပါ...

တို့ မြေ တို့ ရေတစ်လက်မမျှ မကျူးကျော် နဲ့ ကာကွယ်ပေးရန်
အသက်ကို ပေး ကိုယ်ကျိုးမထား နယ်စပ်သွား၏
ငါတို့ စစ်သားသဘောထားသည်...

ငါဒီစခန်းခေါင်းဆောင် ငါမသေ ငါစခန်း ငါနိုင်ငံမြေ မကျရစေသတည်း
ငါ့ဒီခေါင်းဆောင်အရာရှိ ငါဆရာကြီး မသေမခြင်း မကျရစေသတည်း
ငါ့ဒီဆရာကြီး ငါရဲဘော်စစ်သား မသေမခြင်း မကျရစေသတည်း
ဒီလိုသဘောထား ငါတို့ ထားကာ ပြည်တွင်းပြည်ပ ရန်သူငါတို့ တိုက်သတည်း

ငါ၏ရဲဘော် ကျသွားသဖြင့် အဘယ်ဆရာဝမ်းမနည်း နေမည်နည်း
ငါ၏ဆရာကြီး ကျသွားသဖြင့်  အဘယ်အရာရှိ နေနိုင်မည်နည်း
ငါတို့ သည်လည်း ငါ၏သွေးသောက် ထိုရဲဘော် နှင့်  သွေးမြေကြားမှာ
ရပ်ကြည့်မနေ မိုင်းခင်းမြေ ကို ရင်ဝယ်အပ်ကာ အတူတိုက်ကြရာဝယ်
မျက်စိရှေ့ ဝယ် ရဲဘော်သွေးရဲရဲ ငါမြင်ရသော် ငါရင်အထဲမည်သို့ ရှိမည်
အသင်ဝင်ကြည့်စမ်းပါဘိ...

သို့ သော် ထိုငါ့သွေးသောက်မျက်လုံး အရောင်ဝယ် ကြောက်ရွံမရှိ ငါမြင်ခဲ့၏
ငါ့သွေးသောက်တွင် လေးစားမူအရောင်  ကျေနပ်မူအရောင်သူမသေမီ
နိုင်ငံတွက် ပေးဆပ် အထက်အရာရှိ မသေ တာဝန်ကျေပွန် သည်ကို
မဲ့ပြုံးတစ်ချက် နဲ့ အရောင်ပေးခဲ့သေးသည် ထိုဟာငါတို့ စစ်သားတည်း...


ထိုရဲဘော် ပြန်တမ်းငါတို့ ဖတ်သည် ရဲဘော်သင့်အား တပ်မတော်မှ
ထုတ်ပယ်လိုက်ပီ သင်သွားလိုရာသွားနိုင်ပီ ဆိုသော် ထိုစကား
အဘယ်ငါတို့ ခံစားမည်နည်း  အဘယ်ငါတို့ ဝမ်းနည်မည်နည်း
ထိုအဆုံးသတ်ကာ ပြည်သူ အတွက်တိုင်းပြည်အတွက်
ပေးဆပ်ခဲ့ရသည့် ငါတို့ စစ်သားတည်း...

အကယ်ငါသည် ပေးဆပ်စွန်းလွတ်ခဲ့ ရင်လဲ
ဝမ်းနည်းစာသား ထိုပြန်တမ်းကို ဝမ်းနည်းမျက်ရည်များစွာ
ငါ၏မိဘ ငါသွေးချင်းများနှင့်  ငါနိုင်ငံကိုခွဲခွာလိုက်ရထိုအသိနှင့် 
ကျစေသော်ကား အမိန့် နာခံ ဟိုအဝေးကို ငါလည်းထွက်သွာရမည်တည်း..


ထိုသို့ ဖြစ်ခဲ့ ရဲဘော်များအတွက် အဘယ်ပြည်သူတောင်းဆုပြုသနည်း
အဘယ်ပြည်သူဖေးမသနည်း အဘယ်ပြည်သူဝမ်းနည်းသနည်း
ပြည်သူအစစ်ဝမ်းနည်းသည် ပြည်သားအစစ်ဖေးမသည်.....

ပြည်ပမှာနေ အသင်လူသား အဘယ်ကြောင့် သွေးခွဲရက်စက်နေသနည်း
တကယ်စစ်မှန်လမ်းကြောင်မှန် လျှောက်လှမ်းလိုက လက်တွေ့ ပြန်လာ
ဖေါ်ဆောင်ပေး ပါတည်း သွေးမထွက်ချွေးမထွက် လုပ်သမျှ အကောင်းမမြင်
အသင်ဘယ်သို့ လူဖြစ်မည်နည်း....

ယခင်လက်ရှိတို့ နိုင်ငံဝယ် ပြည်တွင်းပြည်ပ အန္တရယ်များ အလွန်များ
သေနတ်ကို ဓါးနဲ့ ခုခံပီး စည်းကမ်းဖေါက် စည်းလုံးမူပြောက်လို့ ထီးနန်းပြောက်ခဲ့ဖူးလေသတည်း....

ယခုချိန်ဝယ် လက်နက်စွမ်းပကားအလွန်ကြီးမား
မီဒီယာ များ အလွန်ဥာဏ်များ
တို အမျိုးသားရေး တို့ စဉ်စား
ဘယ်သို့ တို့ တွေ ရင်ဆိုင်မည်
ဘယ်သို့ တို့ တွေပေါင်းစည်းသင့်သနည်း
အရေးကြီးမှ သွေးစည်းရင်တော့
ဒီခောတ် ရေစီကြောင်းနဲ့ အမျိုးပင်မကျန်
ငါတို့ မြန်မာပြောက်မည်တည်း။


ပျော်ရွင်ပါစေ မြန်မာပြည် ..
              အမျိုးသားရေးအသိစိတ်တွေ လူငယ်တိုင်းပွင့် လန်းနိုင်ကြပါစေ
 လေစားစွာဖြင့်
                     ကနောင်စစ်သည်

ပြည်သူ့ စစ်သား
 
ဒို့ ဘာသာသာသနာ
မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်
 
ဒို့ ပြည်သူများကုလားတရုတ်မပါ

1 comments:

Post a Comment


Popular Posts