'
အမိမြေ

ဖောက်ခွဲဖျက်ဆီးရေးသမားများအတွက် ( ပေးစာ ၁၄ )



တောင်းဆိုးပလုံးဆိုးကိုသာစွန့်ပစ်ရိုးထုံးစံရှိတယ်၊ သားဆိုးသမီးဆိုးကို ဘယ်မိဘမှ စွန့်ပစ်ရိုးထုံးစံမရှိဘူးတဲ့။ ဒီလို ပါဘဲ နိုင်ငံတော်သမ္မတကြီးကလည်း အကြောင်းအမျိုးမျိုးကြောင့် အမိမြန်မာနိုင်ငံတော်ကနေ ထွက်ခွာသွားတဲ့ သွေးချင်း တွေကို လက်ကမ်းလို့ကြိုနေပါတယ်။

 ပြည်တော်ပြန်အဖွဲ့တွေလည်း ၀မ်းသာလို့၊ ပျော်ရွှင်လို့နဲ့ အပြုံးမျက်နှာတွေနဲ့ တွေ့လိုက်ရတော့ ဘယ်လောက်များပီတိဖြစ်ဖို့ ကောင်းလိုက်သလဲဗျာ။ ပည်တော်ပြန်အဖွဲ့တွေကလည်း နိုင်ငံတော်တိုးတက်ဖို့အတွက် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ တက်နိုင်တဲ့ဘက်ကနေ အင်ဖြည့် အားဖြည့်နဲ့ တစ်တပ်တစ်အား ဖြစ်စေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံတော်သမ္မတကြီးနဲ့ တာဝန်ရှိသူအဆင့်ဆင့် ကိုရော၊ ပြည်တော်ပြန်တွေအားလုံးကိုရော လေးစားချစ်ခင်စိတ်က အထွတ်အထိပ်ထိ ရောက်ရှိခဲ့ပါတယ်။ဒါပေယ့်ပေါ့ဗျာ… 

အင်တာနက်မှာ ABSDF အဖွဲ့ဝင် အောင်သူငြိမ်း၊ အောင်နိုင်ဦးနဲ့ မင်းဇော်ဦးတို့ ပြည်ပြန်ဝင်မယ် ဆိုတော့ ကျွန်တော်လည်း နည်းနည်းတွေဝေသွားတယ်ခင်ဗျာ။ဘာလို့လဲဆိုတော့ သူတို့ရဲ့လုပ်ရပ်က အပြုသဘောနဲ့ ဘုတောရုံလောက်ဆိုဘာမှ မဖြစ်ပါဘူး။ ဘုတောာ မဟုတ်ဘဲ အတည်သဘောနဲ့ လက်နက်ကိုင်တောခိုခဲ့တာဗျ။ ဒါတင်ပဲလားဆိုတော့ ဘယ်ကလာဟုတ်ရမှာလဲ။ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းတွေကိုလည်း လုပ်ဆောင်ခဲ့တယ်၊ လုပ်ဆောင်နေတယ်ဗျာ။ ဖော်ရွေပျူငှာပြီး သဘောထားဖြူစင်မှုရှိတဲ့ မြန်မာလူမျိုး တွေရဲ့ စိတ်ဓါတ်နဲ့ကတော့ ဘယ်လိုမှ စဉ်းစားလို့မရတဲ့ လုပ်ဆောင်မှုလို့ပဲ ပြောချင်တယ်။ 

ဟိုယခင်ကတော့ ဖောက်ခွဲဖျက်ဆီးရေးလုပ်လို့ ပြည်သူတွေ သေကြဒဏ်ရာရတယ်။ မျက်ရည်ပေါက်ကြီးငယ် ကျကြ ရတယ်ဆိုတာ တစ်ခြားတိုင်းပြည်နိုင်ငံတွေမှာပါ။ ကျုပ်တို့ မြန်မာနိုင်ငံမှာ မရှိပါဘူး။ ဒီလိုအဖြစ်မျိုးတွေ ဖြစ်လာလိမ့်မယ်လို့ လည်း နည်းနည်းလေးမှ မတွေးမိပါဘူး။ အခုတော့ဗျာ အပြစ်မဲ့ပြည်သူတွေ သေကြဒဏ်ရာရတာ လက်တွေ့ခံစားနေကြရပြီ။ ရင်နာစရာဘယ်လောက်ကောင်းလိုက်လဲ။ဒါကြောင့် မောင်နာကျင်တစ်ယောက် နာကျင်မယ်ဆိုလည်း နာကျင်နိုင်စရာတွေချည်းပဲကိုး…။ မောင်နာကျင် ရေးထားမှ ကျုပ်သိရတာတစ်ခုရှိတယ်ဗျ။ ဘာလဲဆိုတော့ မြန်မာ့ရိုးရာသင်္ကြန်မှာ လူမဆန်စွာ ဖောက်ခွဲဖျက်ဆီးရေးလုပ် ခဲ့တာ ABSDF ရဲက စနက်မကင်းဘူးဆိုတာပါဘဲ။ ဒါလည်း နာကျင်စရာတစ်ခုပေါ့ဗျာ။ သင်္ကြန်ဆိုတာ ပျော်ရွှင်စရာကောင်းတဲ့ မြန်မာ့ရိုးရာပွဲတော်တစ်ခုဖြစ်သလို ကောင်းမှုကုသိုလ်တွေပြုကြ၊ အလှူဒါန တွေလုပ်ကြနဲ့ စိတ်ချမ်းမြေ့စရာတွေအပြည့်နဲ့ပွဲပါ။ အခုတော့ဗျာ မဏ္ဍပ်တိုင်းမှာ ဖောက်ခွဲဖျက်ဆီးမှုတွေ ထပ်မံဖြစ်ပေါ်စေဖို့ လုံခြုံရေးတွေလည်းလုပ်ရ၊ စစ်ရ၊ ဆေးရနဲ့ လုပ်နေရပြီ။ သွားလာတဲ့သူတွေကလည်း လူစည်ကားရင် မသွားရဲ၊ မလာရဲနဲ့ ဘယ်လိုလုပ် အပြည့်အ၀ ပျော်ရွှင်လွတ်လပ်တော့မလဲဗျာ။အဲ့ဒါတွေဟာ ဘယ်သူ့ကြောင့်လဲ?

 ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဗုဒဘာသာကို အထွဋ်အမြတ်ထားတဲ့နိုင်ငံ၊ ရွှေရောင်ဘုရားတွေ တ၀င်းဝင်းနဲ့ ကမ္ဘာ မှာ မြန်မာဟာ ဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံဆိုတာ အားလုံးသိကြတယ်။ အခုလည်းကြည့်လေ တရုတ်ကပင့်ဆောင်လာတဲ့ ဗုဒစွယ်တော် မြန်မာနိုင်ငံကို ကြွလာတော့ ယခင်ကလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပြီး အများပြည်သူ ထိခိုက်သေကြေဒဏ်ရာရမှု မဖြစ်ပေါ်စေရေးအတွက် လုံခြုံရေးတွေ တိုးချဲ့ပြီးလုပ်ရ၊ စစ်ရ၊ ဆေးရနဲ့ ကုသိုလ်တောင် အပြည့်အ၀ မယူနိုင်ဘူး ဖြစ်နေ ပြန်တယ်။ ဒါတွေကလည်း ဘယ်သူ့ကြောင့်လဲ?ရှင်းရှင်းလေးပါအဲဗျာ။ ဖာက်ခွဲဖျက်ဆီးရေးသမားတွေကြောင့် မသွားရဲ၊ မလာရဲ၊ မလုပ်ရဲမကိုင်ရဲနဲ့ ဖြစ်နေတော့ လွတ်လပ်မှုဆိုတာ ဘယ်လိုလုပ်ရှိတော့မှာလဲ? ဒါတောင်သူတို့က အသံကောင်းဟစ်ပြီး ဒီမိုကရေစီအတွက် လုပ်နေတာတဲ့!စဉ်းစဉ်းစားစားလည်း ပြောကြပါဗျာ။ ကျုပ်တို့ပြည်သူတွေက အဲဒီလောက်အထိမညံ့ပါဘူး။ စဉ်းစားဆုံးဖြတ် သုံးသပ်နိုင်မှု/ဦးနှောက်မရှိဘူးလို့ မင်းတို့က ထင်နေတာလား။ ဒါကြောင့်လည်း မောင်နာကျင်က နာနာကျင်ကျင်နဲ့ ခံစားချက် ကို ဖွင့်ဟလိုက်တာပေါ့။ ကျုပ်မောင်ရင်နာကလည်း ရင်နာနာနဲ့ဘဲ ခံစားချက်ကို ရင်ထဲမှာသိမ်းမထားဘဲ မောင်နာကျင် ကို ထောက်ခံပါတယ်ဆိုတဲ့အကြောင်း ရင်ဖွင့်လိုက်တာပါ။

ABSDF အဖွဲ့ဝင်တွေအပြင် ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်နေတဲ့/အားပေးနေတဲ့သူတွေကို ကျုပ်မေးကြည့်ချင် တာလေးတွေရှိတယ်။ ဘာလဲဆိုတော့ -မင်းတို့တိုင်းပြည်ကို ဘာကြောင့်ပြန်လာချင်ရတာလဲ? (ပြည်ပကနေ ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ပြီး တိုက်ခိုက်နေတာ ထိခိုက်၊ သေကြေ၊ ဒဏ်ရာရတဲ့ ပြည်သူလူထုအရေအတွက် နည်းနေသေးလို့လား)ဘာလိုချင်လို့လဲ/ဘာတောင်းဆိုချင်လို့လဲ?အဖျက်လုပ်ငန်းတွေနဲ့ ပြည်သူတွေ သေကြေ ဒဏ်ရာရအောင်လုပ်ပြီးမှ အခုမှဘာလို့ ပြန်ဝင်ချင်ရတာလဲ?တိုင်းပြည်ကို တစ်ကယ်ရောချစ်ရဲ့လား?ဘယ်လိုလဲ… ပြည်ပြန်ဝင်ချင်တဲ့အဖျက်သမားတွေ ! ပြည်သူတွေကိုယ်စားကျုပ်မေးထားတဲ့ မေးခွန်း ၄ ခုကို အရင် ဖြေကြည့်ပါအုံး။

 မင်းတို့ဘယ်လိုဘဲဖြေဖြေ နိုင်ငံတော် သမ္မတကြီးက မိဘသဖွယ် စိတ်ရင်းစေတနာအပြည့်နဲ့ ပြည်ပြန်ဝင် ခွင့်ပြုမှာပါ။ ဒါပေမဲ့ ကျုပ်တို့ မောင်နှမသားချင်းတွေဖြစ်တဲ့ ပြည်သူလူထုကတော့…………….။ မင်းတို့ ဒီလောက်ဆို သဘော ပေါက်ပေါ့ကွာ။အး… နောက်ဆုံးစကားတစ်ခွန်းတော့ ပြောချင်တယ်။ သားဆိုးသမီးဆိုးကို ဘယ်မိဘကမှ မစွန့်လွှတ်ပေမယ့် ဘယ် ညီအစ်ကိုမောင်နှမတွေကမှ ခွင့်လွှတ်ပြီး လက်ခံထားမှာ မဟုတ်ဘူးဆိုတာဘဲ။

မောင်ရင်နာ
 

1 comments:

Anonymous said...

ABSDF အဖွဲ့ကိုမကြိုဆိုပါဘူး။ ပြန်ဝင်မလာပါနဲ့။ အစိုးရက မကောင်းတတ်လို.ခေါ်ပေမဲ့ ပြန်မလာတာ ပိုကောင်းတယ်။ နင်တို.ရှိရင် ပြည်သူတွေ အသက်လုံခြုံမှုစိတ်မချရဘူး။

Post a Comment


Popular Posts