'
အမိမြေ

သမ္မတကြီး ဦးသိန်းစိန်၏နောက်ထပ် စေတနာတစ်ရပ်အဖြစ် အကျဉ်းသားများအား လွတ်ငြိမ်း ချမ်းသာခွင့်ပေး (Breaking News)

 အစိုးရအဖြစ် တာဝန်ယူအပြီး အကျဉ်းကျခံနေရသော အကျဉ်းသား များအပေါ် ပြစ်ဒဏ်လျှော့ပေါ့ခြင်း လွှတ်ပေးခြင်းများ ပြုလုပ်ပြီး နိုင်ငံတော်အစိုးရရဲ့ စေတနာကို ပြသခဲ့တဲ့ သမ္မတကြီး ဦးသိန်းစိန်အနေနဲ့  နောက်ထပ် ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား များအပေါ် လျှော့ပေါ့ပေးခြင်းများပြုလုပ်ခဲ့ပါတယ်။ ယနေ့ (၂၀၁၂)ခုနှစ် ဇန်န၀ါရီလ (၂) ရက်နေ့ (၄း၂၀) နာရီခန့်က MRTV-4 မှ  Breaking News အဖြစ် သတင်းတစ်ပုဒ်ထုတ်လွှင့်သွားပါတယ်။ အဲဒါကတော့

(၆၄) နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမိန့်ကြေငြာစာအမှတ် ၁/၂၀၁၂ လွတ်ငြိမ်းချမ်းသာခွင့်အရ
- သေဒဏ်ကျခံရသူများအား ထောင်ဒဏ်တစ်သက် (နှစ်အကန့်အသက်မရှိ)၊ 
- နှစ် ၃၀ အထက် ကျခံနေရသူများ (နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်မပါ) အား နှစ် ၃၀၊  
-နှစ် ၂၀ မှ နှစ် ၃၀ အထိ ကျခံနေရသူများအား နှစ် ၂၀၊
- နှစ် ၂၀ အောက် ကျခံနေရသူများအား ယင်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ လေးပုံတစ်ပုံကို လွတ်ငြိမ်းချမ်းသာခွင့်ပြုသည်။
ပုံ
သိန်းစိန်
နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်
လို့ ဖော်ပြခဲ့ပါတယ်။ အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ထဲ အကျုံးဝင်တဲ့ အကျဉ်းသားများကို ဇန်န၀ါရီလ (၃) ရက်နေ့မှာ လွှတ်ပေးမယ်လို့ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
ဒါကြောင့်မို့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို ဦးစီးဦးဆောင် လုပ်နေတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့ စေတနာတွေဟာ မြန်မာပြည်သူတွေအတွက် ထပ်တိုးပြီးရင်း တိုးလျှက် ပါပဲ။ လာမည့် ဇန်န၀ါရီ(၄)ရက်နေ့ မှာ ကျရောက်မည့် (၆၄)နှစ်မြောက် လွတ်လပ်ရေးနေ့ ခမ်းအနားအတွက် မင်္ဂလာအရှိဆုံးသတင်း တစ်ပုဒ် အဖြစ် ရွှေမြန်မာမှ တင်ပြ လိုက်ရပါတယ်။ 
 
MRTV-4 မှ Breaking News အဖြစ် သတင်းထုတ်လွှင့်နေစဉ် 
 
Ref : http://goldenmyanmarnews.blogspot.com/

5 comments:

Maung Maung Kyaw Win said...

This is not a Breaking News. This is a heart-breaking news because there were very few political prisoners coming out of prison. Where is Min Ko Naing and other student leaders?
Down with Thein Sein Government and the military regime that is pulling the strings of the puppet government. They cannot escape from International Court of Justice. God sees the truth but wait.

Anonymous said...

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပါဆိုမှ.. မုဒိန်းကောင်တွေ.လူသတ်သမားတွေ သွားလွတ်နေတာ..အဲတော့ .လူသတ်မှုတွေ မုဒိန်းမှုတွေ များလာ... ဒီဆိုဒ်ထောင်တဲ့ ကောင်တွေရဲ့ နှမ တွေ ရှိ ရင် .လွတ်လာတဲ့ မုဒိန်းကောင်တွေ ရဲ့ လီး ကို ပေးစုတ် သင့်တယ်

Anonymous said...

(အမျိုးဂုဏ်သိက္ခာကို ဖျက်စီးတာ စစ်တပ် ပါပဲ။)

Anonymous said...

( မြန်မာအမျိုးသမီးများကို မုဒိန်းကျင့်တာ .စစ်တပ် ပါပဲ။)

Anonymous said...

အမှန်ဆုံးပဲဗျို့ အပေါ်ကရေးတဲ့သူတွေရဲ့ကော်မန့်က ဟုတ်တယ် လွှတ်ပေးတယ်ဆိုတာ သူခိုးကြမ်းပိုး မုဒိန်းကောင်တွေပဲလေ သူတို့က ပြန်ဝင်ချင်လို့တစ်ခုမဟုတ်တစ်ခုလုပ်ကြမှာပဲလေ

Post a Comment


Popular Posts